တမူးမြို့နယ်၊ခမ်းပတ် လုံခြုံရေးပူးပေါင်းဂိတ်ကို အကြမ်းဖက်သောင်းကျန်း သူ PDF ပူးပေါင်းအဖွဲ့က ယနေ့ည တိုက်ခိုက်ရန် စီစဥ်နေ၊ အိန္ဒိယနယ် စပ်ဖက်မှ အကြမ်း PDF များ ပူးပေါင်းရန် ဆင်းလာ

ဇူလိုင် ၂၁

     စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ခမ်းပတ် လုံခြုံရေးပူးပေါင်းဂိတ်တွင် လွန်ခဲ့သော ၁၀ ရက်ခန့်က အကြမ်းဖက် PDF ၂ ဦး၊ ယမန်နေ့က အကြမ်းဖက် PDF ၂ ဦးဖမ်းဆီးရမိကြောင်း၊ အဆိုပါဒေသကရှိ အကြမ်းဖက်သောင်းကျန်းသူ
PDF အဖွဲ့က၄င်းတို့၏လူများကို ပြန်လည်တောင်းကြောင်း၊ မရသဖြင့် လုံခြုံရေးပူးပေါင်းဂိတ်ကိုတိုက်ခိုက်ရန် လူစုဆောင်းပြီး ဝိုင်းပတ်နေပြီဖြစ်ကြောင်း၊ အနီးရှိခမ်းပတ်ရပ်ကွက်(၁)မှ ဒေသခံပြည်သူများ ဘေးကင်းရာနေရာသို့ ရွေ့ပြောင်းနေကြကြောင်း သိရပါသည်။

      အလားတူ ခမ်းပတ်စခန်းကို ယနေ့ ညတွင် တိုက်ရန် ကွတ်ကီးသောင်းကျန်းသူအဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ PDF များ အိန္ဒိယနယ်စပ်ဖက်မှ ဆင်းလာနေကြောင်း သတင်းရရှိပါ သည်။

#PAN