ကျောက်တံခါးမြို့နယ် တောင်ခင်အုပ်စု၊ အလှိုင်၊ တောင်ခင် ကျွဲတလင်း၊ နွားရေချောင်း၊ လေးအိမ်စုကျေးရွာများတွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့ အင်အားအများအပြားရောက်ရှိ၊ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ထောက် ခံသူများ၏ နေအိမ်များကို မီးရှို

ဇူလိုင် ၂၁

     ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တောင်ခင်အုပ်စု၊ အလှိုင်၊ တောင်ခင် ကျွဲတလင်း၊ နွားရေချောင်း၊ လေးအိမ်စုကျေးရွာများတွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့ အင်အားအများအပြားရောက်ရှိနေကြောင်း သိရှိရပါသည်။

      အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့သည် တောင်ခင်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင် ကိုကျော်ဖြိုးလှိုင်၏ လူနေအိမ်ကို မီးရှို့ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ၏ လူနေအိမ်များကိုပါ ထပ်မံမီးရှို့ခဲ့ကြောင်း၊ ယခု သတင်းရရှိချိန်ထိ လူနေအိမ် ငါးလုံးခန့် မီးလောင်ကျွမ်းနေကြောင်း၊ ပိန်းဇလုပ်ရှိ နယ်မြေခံတပ်မှ အကြမ်းဖက်သောင်းကျန်းသူများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

     ယခုအိမ်မီးရှို့ခံရသော ပြည်ခိုင်ဖြိုးပါတီဝင် ကိုကျော်ဖြိုးလှိုင်ကို ပထမအကြိမ်ကလည်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ မိခင်နှင့်ညီမဖြစ်သူတို့သေဆုံးခဲ့ရကြောင်း သိရပါသည်။

#PAN