ယင်းမာပင်မြို့နယ်၊ စုန်းချောင်း ကျေးရွာအနီး သတင်းအရစစ်မှု့ထမ်းဟောင်းများ၊ ပြည်သူ့စစ်များအပါအဝင် လုံခြုံရေးပူးပေါင်းအဖွဲ့များကနယ်မြေရှင်းလင်းစဥ် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ PDF အကြမ်းဖက် ၁၃ ယောက် သေဆုံး

ဇူလိုင် ၂၁

     ယနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်း ကျေးရွာအနီး ဒေသတည်ငြိမ်အေးချမ်းမှုအတွက်
စစ်မှု့ထမ်းဟောင်းများ၊ ပြည်သူ့စစ်များအပါ အဝင် လုံခြုံရေးပူးပေါင်းအဖွဲ့များက သတင်းအရ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

     ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ လူသတ် အကြမ်းဖက် PDF အရပ်ဝတ် ကျားအလောင်း ၁၃ လောင်း၊ AKသေနတ် ၁ လက်၊ M-22 သေ နတ် ၁ လက်၊ လက်လုပ် တစ်တောင့်ထိုးသေနတ် ၉ လက် ၊ ကျည်မျိုးစုံ ၄၃၆ တောင့်၊ AK ကျည်
၂ ခု၊ M-22 ကျည်အိမ် ၂ ခု၊ လက်လုပ်
လက်ပစ်ဗုံး ၁၇ လုံး၊ လက်လုပ်စိန်ပြောင်းဗုံး
သီး ၁ဝ လုံး၊ လက်လုပ်မိုင်း ၁ဝ လုံး၊ ယမ်း
ကြိုး ၃ ခွေ၊ ယမ်းမှုန့် ၂ ပိဿာ၊ လမ်းလျှောက်
စကားပြောစက် ၃ လုံး တို့ကို ဖမ်းဆီးရမိခဲ့
ကြောင်း သတင်းရရှိပါသည်။

     ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင်
ပြည်သူလူထုအနေဖြင့် အေးချမ်းစွာ ကုန်စည်ရောင်း /ဝယ်ဖောက်ကားသွားလာနေမှုကို ဓားပြတိုက်၊ ပြန်ပေးဆွဲ၊ ငွေညှစ် စသောအကြမ်းဖက်
အဖျက်အမှောင့်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်နေကြခြင်းကို လက်မခံနိုင်သော ပြည်သူများ၏ သတင်းပေးချက်အရ ရွှေတောင်ဦးအောင်ဇေယျ စစ်မှုထမ်းဟောင်း အဖွဲ့နဲ့ ဘန့်ဘွေးရွာ ပြည်သူ့စစ်အဖွဲ့တို့ပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့က ယခုလို ချေမှုန်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

    အကြမ်းဖက်သောင်းကျန်းသူ PDF များသည် အရပ်ဝတ်များဖြင့် လက်နက်ကိုကိုင်ဆောင်ပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက်များသေဆုံးတိုင်း ၎င်းတို့ ဒေါ်လာစားမီဒီယာများက စကစ တပ်များက ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ကြောင်း ပြည်သူကို မှိုင်းတိုက် ဝါဒဖြန့်လျှက်ရှိကြောင်း သိရပါသည်။

#PAN