ကြံခင်းမြို့နယ်အတွင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့ကအကြမ်းဖက်သောင်း ကျန်းသူ PDF များ၏ ယာယီခြေကုတ်စခန်း တစ်ခုကို ရှင်းလင်း

ဇူလိုင် ၂၁

     ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မိုးထိတောင်အနီးတွင် နယ်မြေလုံခြုံရေးအဖွဲ့က တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူ PDF တို့၏ ယာယီခြေကုတ်စခန်း တစ်ခုကို ယမန်နေ့က ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များမှာ ကိုယ် လွတ်ရုန်း ထွက်ပြေးသွားကြကြောင်း သိရပါ သည်။

      နယ်မြေလုံခြုံရေးအဖွဲ့က ထိုသို့ ရှင်းလင်းခဲ့ရာ အဆိုပါ ယာယီခြေကုတ်စခန်းမှ ၇ ယောက်အိပ်လူနေတဲ့ ၃ လုံး၊ အိုင်ကွန် အထိုင်စက် ၁ လုံး၊အိုင်ကွန်အားသွင်းခုံ ၄ ခု၊ ဘက်ထရီ(ကြီး) ၁ လုံး၊ဘက်ထရီ(သေး) ၂ လုံး၊ ၉မမကျည်  ၂၇၀ တောင့်၊ ၇.၆၂ကျည် ၄၀ တောင့်၊ ပွိုင့် ၂၂ကျည် ၄၀၀ တောင့်၊ ၄၀မမ ဗုံးသီ ၁၄ လုံး၊ လက်လုပ်ဗုံးသီး ၇ လုံးတို့ကို သိမ်းဆည်းမိခဲ့ကြောင်း သတင်းရရှိပါသည်။

     ပြည်သူလူထုအနေဖြင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို အားပေးထောက်ခံမှုမရှိတော့သဖြင့် ၎င်းတို့၏လှုပ်ရှားမှုများကို နယ်မြေလုံခြုံရေးအဖွဲ့များသို့ သတင်းပေးမှုများကြောင့် ရပ်တည်ရန် ခက်ခဲလာကြောင်း သိရပါသည်။

#PAN