အသိတရားရကြပြီး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ပြန်လည် ထူထောင်ဖို့ အချိန်တန်ပါပြီ

     Sky News သတင်းထောက်တစ်ဦးက PDF နယ်မြေတစ်ခုအတွင်းမှာရှိတဲ့ ဆေးရုံလို့ ယူဆရတဲ့ နေရာမှာ ကိုယ်တိုင်သွားရောက်ပြီး သတင်းတင်ဆက်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခု အင်တာနက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာ တိုက်ပွဲမှာ ထိခိုက် ဒဏ်ရာရ တဲ့ PDF အများအပြား အော်ဟစ်ပြီး ကမ္ဘာပျက်နေတဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

      PDF တွေ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ စာရင်းကို အကြမ်းဖက်အားပေးမီဒီယာတွေဖြစ်တဲ့ ခေတ်သစ်၊ မိဇ္ဈိမ၊ RFA၊ VOA၊ BBC တို့မှာ ဖော်ပြတာ အလွန်နည်းပါးပြီး တပ်မတော်ဘက်ကပဲ အကျအဆုံး များနေသယောင် ရေးသားဝါဒဖြန့်ထားတာတွေ့ရပါတယ်။ တကယ့်မြေပြင် အမှန်တရားမှာတော့ ထိုအရာတွေနဲ့ ကွဲလွဲနေပြီး PDF တွေ အများအပြား ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေရှိနေတာကိုတွေ့ရပါတယ်။

       အကြမ်းဖက်အားပေး မီဒီယာတွေထဲမှာတော့ PDF တွေဟာ တပ်မတော်နဲ့ဖြစ်တဲ့ တိုက်ပွဲတိုင်းမှာ ပါဝါရိန်းဂျား၊ စွမ်းအားရှင်များအဖြစ် ပုံဖော်ရေးသားထားပြီးဒူးပွန်း၊ ပေါင်ပွန်း လောက်သာ ထိခိုက်တယ်လို့ ဆိုပေမဲ့ မြေပြင်မှာတော့ နေ့စဉ်နေ့တိုင်း PDF အများအပြားထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိနေတာကို တွေ့ရပါတယ်။ PDF တွေလက်နက်မဲ့ ပြည်သူကိုသာ စိတ်ထင်တိုင်း ဒလန်စွပ်စွဲ သတ်ဖြတ်လို့ ရပေမဲ့ လက်နက်ကိုင် တပ်ချင်းတိုက်ရာမှာတော့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်သလောက်တော့ မလွယ်ကူပါဘူး၊ ပေးဆပ်မှုတွေကြီးပါတယ်။

       PDF တွေဘဲ သေသေ ၊ တပ်မတော်သားတွေဘဲ သေသေ၊ ဘယ်ဖက်ကဘဲသေသေ သေတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေပါ။ မြန်မာအချင်း ချင်း တိုက်ခိုင်းထားတဲ့ အိမ်ကြက်ချင်းအိုးမဲသုတ်တဲ မရိုးနိုင်တဲ့ ဗျူဟာနဲ့ အနောက်ကမ္ဘာက မြန်မာပြည် အလုံးစုံပျက်သုဥ်းရေးကို ဦးတည်ဆောင် ရွက်နေတာ။ မြန်မာတွေ ဆင်ခြင်တုံတရားနည်းကြတော့ တိုင်းပြည်ရဲ့ ခွန်အားတွေဆုံးရှုံးနေရတာပါ။
        အားလုံး အသိတရားရကြပြီး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ပြန်လည် ထူထောင်ဖို့ အချိန်တန်ပါပြီ။

#PAN