“တောင်ကိုရီးယားက ​မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်ကို အသုံးပြုပြီး မဟာမိတ်တွေ က်ိုဆန့်ကျင်မှုများပြုလုပ်ခဲ့ပါက ၎င်းတို့၏ မဟာမိတ်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့”

ဇူလိုင် ၂၁

တောင်ကိုးရီးယားနိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တောင်ကိုးရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့၏ မဟာမိတ်တွေကို ဆန့်ကျင်မှု များပြုလုပ်ပြီး နျူကလီယားလက်နက်အသုံး ပြု လိုက် မယ်ဆိုရင် နျူကလီးယား အသုံးပြုလိုက် သည့် နိုင်ငံရဲ့ နိဂုံးချုပ်ဖြစ် သွားမှာဖြစ်တယ်လို့ ထုတ်ပြန် ကြေညာခဲ့ တာဖြစ်ပါတယ်။

“တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ကို မြောက်ကိုရီးယားက နျူကလီယားလက်နက်ဖြင့် တိုက်ခိုက်မှု ကြုံလာတဲ့အခါ မဟာမိတ်အဖွဲ့ရဲ့ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား တုံ့ပြန်မှု တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ထပ် သတိပေးပါမယ် (ကျနော်တို့) ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများပြုလုပ်သွားမှာပါ။သတိပေးပါတယ် မြောက်ကိုးရီးယားအစိုးရရဲ့ နိဂုံးချုပ်ဖြစ်သွားနိုင်ပါတယ်” လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ ဇူလ်ိုင် ၂၁ရက် သောကြာနေ့တွင် ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဆိုးလ်(တောင်ကိုရီးယား) နှင့် ဝါရှင်တန် (အမေရိကန်) တို့က နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ခြင်းများကြောင့် တောင်ကိုရီးယား – မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ ပထမဆုံးသော နျူကလီးယားသုံး ရေငုပ်သင်္ဘောသည် ၁၉၈၁ခုနှစ်နှောင်းပိုင်းအချိန်တွင် ဘူဆန်(တောင်ကိုရီးယား) ဆိပ်ကမ်းသို့ ယခုသီတင်းပတ်အတွင်းလာရောက်လည်ပတ်
ခြင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လက်နက်များ အသုံးပြုနိုင်ရန် တရားဝင်သတ်မှတ်ချက် ပေးလိုက်ခြင်းဖြစ် ကြောင်း ပြုံယမ်း(မြောက်ကိုရီးယား) ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့သည့် ဇူလိုင် ၂၀ရက်နေ့ ကြာသပတေးနေ့တွင် သတိပေးခဲ့ပြီးနောက် ​တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ ထုတ်ပြန်ကြေညာချက် ကိုထုတ်ပြန်ခဲ့ တာလည်းဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။