ပေါက်မြို့နယ်၊ တပ်ကုန်းပြည်သူ့စစ်ကျေးရွာတိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်းသူ PDF ၄၀ ဦးသေဆုံး၊ ၆၀ ဦးဒဏ်ရာရ

ဇူလိုင် ၂၀

        ယမန် နေ့က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တပ်ကုန်းပြည်သူ့စစ်ကျေးရွာတိုက်ပွဲတွင် လေကြောင်းပစ်ကူပေးမှုကြောင့် ကျဆုံးသွားသည့် အကြမ်းဖက်သောင်းကျန်းသူ PDF သေဆုံးသူများ၏ အလောင်း ၄၀ ခန့်ကို ပေါက်မြို့နယ်၊ စံဖဲကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင်  မီးသဂြိုလ်ခဲ့ကြကြောင်း သိရပါသည်။

       ၎င်းအပြင် အဆိုပါ အကြမ်းဖက်သောင်း ကျန်းသူ PDF ဒဏ်ရာရလူနာ ၆၀ ဦးခန့်ကိုလည်း ကျွန်းတောကျေးရွာတွင် ဆေးကုပေးနေကြောင်း ၊ ၎င်းလူနာများတွင် ချင်းအကြမ်းဖက်သောင်း ကျန်းသူ PDF များပါဝင်ကြောင်း၊ ၎င်းနေရာသည် ပေါက်မြို့နှင့် ၅ မိုင်ခန်သာ ကွာဝေးသော် လည်း မိုင်းများချထားကြောင်း သိရသည်။

     ၎င်းနယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းရေး အမြန်ဆုံး ဆောင်ရွက်နိုင်ပါက ဒေသတွင်း အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ အကြမ်းဖက်မှုများလျော့ကျသွားနိုင်ကြောင်း ဒေသခံပြည်သူများ ထံမှ သတင်းရရှိပါသည်။

#PAN