ပေါင်းတည်မြို့နယ်အတွင်း တပ်မတော်စစ်​ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ PDF တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွား၊ PDF တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

ဇူလိုင် ၂၀

      ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၊ဝဲကြီးဆည်ဝန်းကျင်တွင် အကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရန်အတွက် တပ်မတော်စစ် ကြောင်းများမှ နယ်မြေရှင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်  တပ်မတော်စစ်ကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ
များတွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

       ထိုသို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်း ဖက်သောင်းကျန်းသူ PDF တစ်ဦးကို  MA 3 ရိုင်ဖယ် ၁ လက်၊ M 4 သေနတ် ၁ လက်၊တူမီး သေနတ် ၁ လက်၊ ကျည်  ၆၀ တောင့်၊ ကျည်အိမ် ၂ ခု၊ ယမ်းဗူး ၁ ဗူး၊ ဝါယာကြိုး ၃၀ ပေ၊ လည်တိုဖိနပ် ၂ ရံ၊ ကျောပိုးအိပ် ၃ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းဖက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သတင်းရရှိပါသည်။

#PAN