နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ PDF များထောင်ထားသောလက်လုပ်မိုင်းများကို တာဝန်ငိပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းက ဖော်ထုတ်ရှင်းလင်း

ဇူလိုင် ၂၀

      ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းမှ နွားထိုးကြီးမြို့နယ်၊ညောင်ဇင်ကျေးရွာနှင့် စင်္ကြာတောင်ကျေးရွာကြား ကျေးရွာချင်းဆက်လမ်း လမ်းဘေးတွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက မိုင်းများထောင်ထားကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် သွားရောက်ရှင်းလင်းခဲ့ပါသည်။

       ထိုသို့ သွားရောက်ရှင်းလင်းရာ လက်လုပ်မိုင်း ၅ လုံး၊ ကိုက် ၁၀၀ခန့်ရှိ ဝါယာကြိုးခွေ ၁ ခွေ၊ဆိုင်ကယ်ဘက္ထရီ ၁လုံး၊ ရီမု ဆားကစ်ပြား ၁ ခုတို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား ညောင်ဇင်ကျေးရွာ ၏မြောက်ဘက် လယ် ကွင်းပြင်၌ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN