ထာဝယ်မြို့နယ်တွင် အကြမ်းဖက်သောင်း ကျန်းသူ KTLA နှင့် PDF အဖွဲ့ကKNU / KNLA တပ်မဟာ(၄)အဖွဲ့ကို ပစ်ခတ်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးနှင့် တပ်သား ၁ ဦးတို့ သေဆုံး

ဇူလိုင် ၂၀

      တနင်္သာရီနိုင်းဒေသကြီး၊ ထာဝယ်မြို့နယ်၊ဖောင်တောရွာနှင့် မိုင်တိုင် ၄၀ ကြားတွင် KNU / KNLA တပ်မဟာ(၄)မှ စစ်ဘက်ရေးရာကွပ်
ကဲရေးမှူး ဗိုလ်မှူးစောဖိုးဆီးနှင့် အဖွဲ့ကို အကြမ်း ဖက်သောင်းကျန်းသူ KTLA နှင့် PDF အဖွဲ့က ပစ်ခတ်ရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

        အဆိုပါ အကြမ်း ဖက်သောင်းကျန်းသူ KTLA နှင့် PDF အဖွဲ့၏ တိုက်ခိုက်မှုတွင် KNU တပ်မဟာ(၄) မှ ဗိုလ်မှူးအဆင့်ရှိ စောဖိုးစီးနှင့် KNU တပ်သား ၁ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး KNU ၅ ဦး ဒဏ်ရာရသွားကြောင်း သိရပါသည်။

       KNU တပ်မဟာ(၄) သည် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်နေသော အကြမ်း ဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်းခြက်းမရှိဘဲ NCA လမ်း ကြောင်းအတိုင်း ငြိမ်းချမ်းစွာဖြေရှင်လိုသောအဖွဲ့ဖြစ်ပါသည်။ ထို့ကြောင့် အကြမ်းဖက် KTLA နှင့် PDF ပူးပေါင်းအဖွဲ့များက KNU တပ်မဟာ(၄)ကို အပြင်းအထန်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN