ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အကြမ်း ဖက်သောင်းကျန်းသူ PDF နှစ်ဦးက သာမန်ပြည်သူ ဘေးတွဲဆိုင်ကယ်မောင်းသူ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂၀

      ယနေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်တွင် ဘေးတွဲဆိုင်ကယ်မောင်းသူ ကျော်ဆန်းဝင်း၊ ၄၅ နှစ်၊ (ဘ)ဦးကျော်မြင့် အမှတ် ၈၈၈/ခ၊ အင်ကြင်းလမ်း၊ ၃၈- ရပ်ကွက်၊ ဒဂုံမြို့သစ်-မြောက်ပိုင်း-မြို့နယ်နေသူ သည် ၎င်းမောင်းနှင်သည့် ဘေးတွဲဆိုင်ကယ်ဖြင့် အပြင်မှ နေအိမ်သို့ပြန်လာစဉ် ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထိပ်အရောက်၌ ၎င်းနောက်မှ လိုက်ပါမောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးဖြင့် လူသတ်အကြမ်းဖက် PDF ၂ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်  ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ သေနတ်ဖြင် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျော်ဆန်းဝင်း ၌ ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ထိမှန်ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း၊ ထိုသို့ သတ်ဖြတ်ရခြင်း အကြောင်းရင်းကို မသိရှိရသေးကြောင်းနှင့် သတ်ဖြတ်သည့် တရားခံနှစ်ဦးကို ဖမ်းဆီးရမိရေး အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးရှာဖွေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN