နတ်တလင်းမြို့နယ်တွင် ကားခိုးတရားခံ နှစ်ဦးကို လုံခြုံရေးအဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဖမ်းဆီး

ဇူလိုင် ၂၀

    ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင်  ကားခိုးလာသောတရားခံ ဟိန်းမင်းသူ၊ ၂၃နှစ်၊ (ဘ)ဦးပြုံးချို၊ ပန်းရံလုပ်၊ အောင်မင်္ဂလာရွာ၊ ဝါးနက်ချောင်းအုပ်စု၊ မှော်ဘီမြို့နယ်နေသူနှင့် ထွန်းထွန်းနိုင်၊ ၂၃နှစ်၊(ဘ) ဦးတင်၊ ကျဘမ်း၊ မ/232၊ဘော ဂလမ်း၊ အောင်သုခရပ်ကွက်၊ မှော်ဘီမြို့နေသူ နှစ် ဦးကို လုံခြုံရေးအဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအင်အားဖြင့် ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်တွင် ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ရန်ကုန်ဘက်မှ မောင်းနှင်လာသော Alphard ခဲရောင် 2J/7309 သည် ဇီးကုန်းမြို့ Toll Gate လုံခြုံရေးအဖွဲ့မှ ယာဥ်အားရပ်တန့်စစ်ဆေးစဥ် အစစ်မခံဘဲ မောင်းနှင်ထွက်ပြေးသည့်အတွက် နတ်တလင်းလုံခြုံရေးအဖွဲ့မှ အသင့်စောင့်ဆိုင်းနေစဥ် အဆိုပါယာဥ်မှာ ပြည်လမ်းအတိုင်းမောင်နှင်ခြင်းမပြုဘဲ ကျခတ်ဝါးရုံရွာဘေးရှိ ကုန်ထုတ်လမ်းအတိုင်းမောင်နှင်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်၍ ဖမ်းဆီရာ တစ်ဦး ဖမ်း ဆီးမိပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။

      အဆိုပါ ထွက်ပြေးသွားသူ တစ်ဦးကို  လုံခြုံ ရေးအဖွဲ့များ၊ဂျိတ်တောကြီး၊ပန်းတင်ကြီး၊ရှားဖြူကုန်း၊ကညင်ကန်၊မဲဇလီတန်း၊ကြိုးကြာကန်စသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက အသင့်အင်အားဖြင့် စပါးခင်းများအတွင်းဝင်ရောက်ရှာဖွေရာ ဂျိတ်တောရွာနှင့် ကျွန်းတောရွာကြားရှိစပါးခင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။

      အဆိုပါတရားခံနှစ်ဦးမှာ တိုက်ကြီးမြို့၊ မြို့မ ရဲစခန်း၌ အမှုဖွင့်ထားသူများဖြစ်သောကြောင့် နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တိုက်ကြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ယမန်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် သက်သေခံပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိပါသည်။

#PAN