အောင်လံမြို့အောင်လံ-ပြည်ကားလမ်းတွင် အဝေးပြေး Express ယာဉ်နှင့် လားရာတူမောင်းနှင်နေသော သုံးဘီးဆိုင်ကယ်နှင့် ရပ်နားထားသောဆိုင်ကယ်အား ဝင်တိုက်၊ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ဇူလိုင် ၁၉

      ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ အောင်လံ-ပြည်ကားလမ်းတွင် အဝေးပြေး Express ယာဉ်သည် လားရာတူမောင်းနှင်နေသော သုံးဘီးဆိုင်ကယ်နှင့် ရပ်နားထားသောဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရပါသည်။

      ယာဥ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်လံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး အဆိုပါ ယာဥ်တိုက်မှုကြောင့် သုံးဘီးယာဉ်မောင်းအမျိုးသား ၁ ဦး(သေဆုံး)နှင့် ကျန်အမျိုးသား ၁ ဦးမှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရလူနာတို့အား မေတ္တာမွန်လူမှုကူညီရေးယာဉ်ဖြင့် အောင်လံမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN