Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ရဲ့ လွှတ်တော်ကို နှုတ်ဆက်ထွက်ခွာသွားရခြင်း နှင့် နှုတ်ဆက်စကား

                     (သတင်းဆောင်းပါး)

       ပါလီမန်စည်းမျဉ်းအရ တားမြစ်ထားတာကြောင့် Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်အဖြစ် ခန့် အပ်ဖို့ ပါလီမန်ဥက္ကဌ Wan Muhamad Noor Matha က အောက်လွှတ်တော်နှင့် အထက်လွှတ် တော်တို့ ပူးပေါင်းပြီး ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

     ပါလီမန်အမတ် ၇၁၅ ဦးက ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က အီလက်ထရွန်နစ်စနစ်နဲ့ မဲခွဲဆုံးဖြတ်ပြီးနောက် Mr Wan က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးကို နံနက် ၉ နာရီ ၃၀ မိနစ်မှာ စတင်ကျင်းပပြီး မကြာမီတွင် လွှတ်တော်ဥက္ကဋ္ဌက အဆိုပါကိစ္စရပ်နဲ့ ပတ်သက်လို့ အချိန်​​ကြာ အခြေအတင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

       ပါလီမန်အမတ် ၃၉၅ ဦးက မစ္စတာ Pita ရဲ့ အမည်စာရင်းကို ကန့်ကွက်မဲပေးခဲ့ကြပြီး ထောက်ခံမဲ ၃၁၂ မဲ၊ ကြားနေမဲ ၈ မဲနှင့် ဆန္ဒမဲပေးပိုင်ခွင့် မရှိ တစ်မဲ ဖြစ်ကြောင်း သိရပါတယ်။

     ပူးတွဲမဲပေးစဥ်အတွင်းမှာ စုစုပေါင်းမဲရဲ့ မဲတစ်ဝက်က ၃၇၄ မဲဖြစ်တာကြောင့် ပယ်ချခံရမှုဟာ အများစုမဲဖြင့် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း မစ္စတာ ဝမ် က ပြောကြားခဲ့ပါတယ်။ မစ္စတာ Pita ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း ယနေ့အစောပိုင်းက လွှတ်တော်အမတ်အဖြစ် တာဝန်မှ ရပ် ဆိုင်းပြီးနောက် အရေအတွက်ကို ချိန်ညှိခဲ့ခြင်းဖြစ်ပါတယ်။

    မစ္စတာ Pitaဟာ တားမြစ်ထားတဲ့ရွေးကောက် ပွဲကော်မရှင်ရဲ့စည်းကမ်းတွေကို ချိုးဖောက်ပြီး မီဒီယာလုပ်ငန်းတွေမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်လို့ စွပ်စွဲခံရပြီး အဆိုပါစွပ်စွဲခံရမှုကို ဖွဲ့စည်း ပုံအခြေခံဥပဒေတရားရုံးက ဇူလိုင် ၁၉ ရက်မှာ အပြီးသတ်ဆုံးဖြတ်ခဲ့ပါတယ်။

    ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇူလိုင် ၁၉ ရက်မှာ မစ္စတာ Pita ရဲ့အမှုကို ကြားနာစစ်ဆေးခဲ့ပြီးနောက် အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် မကြာမီမှာ Pitaဟာ လွှတ်တော်ထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

    ပါလီမန်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် မစ္စတာဝမ် ဟာ အစည်းအဝေးကို နိဂုံးချုပ်ခဲ့ပါတယ်။ Pheu Thai ပါတီက ၎င်း၏ ကိုယ်စားလှယ်လောင်း ဝန်ကြီးချုပ်အဖြစ် အဆိုပြုမည့် ကြာသပတေးနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ထပ်မံစုဝေးရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် Srettha Thavisin သည် ဖြစ်နိုင်ခြေရှိသော ရွေးချယ်မှုဖြစ်ပါတယ်။

    သို့သော်လည်း လက်ရှိ ရှစ်ပါတီ ညွန့်ပေါင်းအဖွဲ့မှာ တိုးတက်သော Move Forward ပါတီ တည်ရှိနေခြင်းဟာ Pheu Thaiနှင့် ဆီးနိတ်အမတ်အများအပြားအတွက် သဘောတူညီချက် ချိုးဖောက်မှုအဖြစ် ရှုမြင်နေဆဲဖြစ်ပါတယ်။ Pheu Thai ကိုယ်စားလှယ်လောင်းသည် မဲအများစုမရပါက ဒုတိယအကြိမ် အခွင့်အရေးကို ဆုံးရှုံးရမှာဖြစ်ပါတယ်။

      မစ္စတာ Pita က ၎င်းရဲ့ ရာထူးခန့်အပ်ခြင်းကို ပိတ်ပင်ဖို့ ​မဲခွဲဆုံးဖြတ်ခြင်းဟာ လွှတ် တော်အတွက် အန္တရာယ်ရှိသော စံနမူနာတစ်ခု ဖြစ်လာစေတယ်လို့ အင်္ဂါနေ့မှာ သတိပေးခဲ့ပါနတယ်။

     မဲမခွဲမီ လွှတ်တော်အမတ်များဟာ  မစ္စတာ Pita ကို ပြန်လည်ခန့်အပ်ခြင်း ခွင့်ပြု ၊ မပြုခြင်းကို ပါလီမန်အတွင်း အငြင်းပွားမှုများနဲ့ နာရီပေါင်းစွာ အချိန်ဖြုန်းခဲ့ကြပါတယ်။

    ပါလီမန်အစည်းအဝေး နည်းဥပဒေအမှတ် ၄၉ ဟာ အလားတူ လွှတ်တော်အစည်းအဝေးအတွင်း ပျက်ကွက်တဲ့ အဆိုကို လွှတ်တော်သို့ ပြန်လည်တင်သွင်းခြင်းကို တားမြစ်ထားကြောင်း အတိုက် အခံများက ပြော​ကြားခဲ့ပါတယ်။ မစ္စတာ Pita ရဲ့ အမည်စာရင်း တင်သွင်းမှုကို ပြီးခဲ့တဲ့ သီတင်း ပတ်က ပယ်ချခဲ့ပြီး သူရဲ့ ပြန်လည်တင်သွင်းမှုကို အကြောင်းပြနိုင်သည့် တိုးတက်မှု အသစ်မရှိကြောင်း ၎င်းတို့က ပြောကြားခဲ့ပါတယ်။

     အဆိုပါစည်းမျဉ်းဟာ အထွေထွေအဆိုပြုချက်များနဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှုမပြုခြင်းတို့ကို အသုံးချခဲ့ကြောင်း Pro-Pita ပါလီမန်အမတ်များက အလေးပေးပြောကြားခဲ့ပါတယ်။ အဆိုပြုချက်မဟုတ်ဘဲ ခန့်အပ်ဖို့ အဆိုပြုခြင်းသာဖြစ်တယ်လို့ ၎င်းတို့က ပြောပါတယ်။ မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲက မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှုကို လွှတ်တော်ကိုယ်စားလှယ်တွေက လေးစားသင့်တယ်လို့လည်း သူတို့က ပြောပါတယ်။

     မစ္စတာ Pita ၏ Move Forward ပါတီသည် ဘတ်ငွေ ၆ ဘီလီယံ ကုန်ကျတဲ့ ရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ ၁၅၁ နေရာဖြင့် အနိုင်ရခဲ့ပါတယ်။ မကြာသေးမီက သူရဲ့ကမ်း လှမ်းမှု မအောင်မြင်ဘူးဆိုရင် Pheu Thai ပါတီက ဝန်ကြီးချုပ်တစ်ဦး အမည်စာရင်းတင်သွင်းဖို့ လမ်းစပြုမယ်လို့ဟု ပြောကြားခဲ့ပါတယ်။

      Pheu Thai ပါတီက အောက်လွှတ်တော်မှာ ၁၄၁ နေရာ အနိုင်ရခဲ့ပြီး သူတို့ ပါတီနှစ်ခုကတော့ ရှစ်ပါတီညွန့်ပေါင်းရဲ့ အဓိကအဖွဲ့ဝင်များဖြစ်ပါတယ်။

     မစ္စတာ Pita Limjaroenrat ဟာ ယခင်က ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းခြင်းခံလိုက်ရတဲ့  ပြုပြင်ပြောင်း လဲရေးမူဝါဒ (ဝါ) ဘုရင်စနစ်ဖျက်သိမ်းရေး လမ်းစဥ်ဆိုပြီး တက်လာတဲ့ Thaksin Shinawatra နဲ့ Yingluck Shinawatra တို့ရဲ့ အတိတ်သင်ခန်း စာယူနိုင်ခဲ့ရင် ယနေ့အဖြေဟာ တမျိုးတဖုံပြောင်းလဲသွားနိုင်ပါတယ်။

      လက်ရှိ အခြေအနေမှာတော့ Move Forward ပါတီခေါင်းဆောင် မစ္စတာ Pita Limjaroenrat ကို ထောက်ခံသူ ပြည်သူတွေကတော့ လမ်းပေါ်ထွက် ဆန္ဒပြဖို့ လုပ်ဆောင်နေကြပါတယ်။ အခုလို မစ္စတာ Pita ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားခဲ့တဲ့ ဖြစ်စဥ်ရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ ပြောဖို့ခက်ပေမဲ့ ရိုးစင်းတဲ့သဘော မရှိပါဘူး။ ယူကရိမ်းသမ္မတ ဇလန်စကီးလို နိုင်ငံဇာတ်ခုံပေါ်တင်ပြီး အသုံးချခဲ့သလို မစ္စတာ Pita ကို အသက်ငယ်ငယ်နဲ့ ဝန်ကြီးချုပ်ခန့် နိုင်ငံရေးဇာတ်ခုံပေါ် ရောက်အောင် တင်ပေးခြင်းပေလားလို့ စဥ်းစားစရာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

      နောက်ဆုံးတော့ ရွေးကောက်ပွဲရလာဒ်တွေအရ ထိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းအစားဆုံးဖြစ်နေခဲ့တဲ့ မစ္စတာ Pita Limjaroenrat ဟာ ဇူလိုင် ၁၉ ရက်နေ့မှာ  “လက်ရှိစနစ်ဟာ နိုင်ငံကို ဦးဆောင်နိုင်ဖို့ ပြည်သူတွေရဲ့နှလုံးသားကို ရယူနိုင်ဖို့ခက်ခဲပါတယ်” လို့ နှုတ်ဆက်စကား ပြောကြားအပြီး လွှတ်တော်ကို နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတော့တယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်။

#PAN