ရွှေကူမြို့နယ်အတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊မြို့နယ်စည်ပင်သာယာရေးရုံးနှင့် မြို့မရဲစခန်းတို့ကို အကြမ်းဖက်သောင်းကျန်းသူ KIAနှင့် PDF များက Drone ဖြင့် Drop Bomb တို့​ဖြင့် ပစ်ချတိုက်ခိုက်

ဇူလိုင် ၁၉

      ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်
ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းနှင့် အစည်းအဝေး
ခန်းမဆောင်တို့အား ယနေ့ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KIAနှင့် PDF များက Drone ဖြင့် Drop Bomb နှစ်လုံးပစ်ချဖေါက်ခွဲခဲ့ပြီး ခေါင်မိုးများပျက်စီးခဲ့ကြောင်း သိရပါသည်။

      အလားတူ ယနေ့ နံနက် ၁၁ နာရီ ၃၃ မိနစ်အချိန်ခန့်တွင် ရွှေကူမြို့နယ်၊ မြို့နယ်စည်ပင်သာ ယာရေးရုံးကိုလည်း Drone ဖြင့် Drop Bomb နသုံးလုံး ပစ်ချဖေါက်ခွဲခဲ့ရာ ရုံးခေါင်မိုးများ ပျက်စီခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ KIAနှင့် PDF များသည် ယခုရက်ပိုင်းအတွင်း Drop Bomb များပစ်ချတိုက်ခိုက်လျှက်ရှိရာ ယမန်နေ့  ညသန်းခေါင် ၁၂ နာရီအချိန်တွင် ရွှေကူမြို့မရဲစခန်းကို Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အကြမ်း ဖက်သမားများက Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်မှုများ ပစ်မှတ်ကို တိတိကျကျ ပစ်ချနိုင်မှုမရှိသဖြင့် အရပ်သားပြည်သူများ နေအိမ်များပေါ် ကျရောက်နိုင်ခြင်းကြောင့် မြို့ပေါ်နေပြည်သူများက စိုးရိမ်ထိတ်လန့် လျှက်ရှိကြောင်း သိရပါသည်။

#PAN