ဇူလိုင် ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့ နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု ၊ ရွာကြီးရပ်ကွက်ရှိ ရွာမအခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ ညက PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လာရောက်၍ အသိပေးထုတ်ပြန်ချက်ဟုသော စာတစ်စောင်ကပ်သွားကြောင်း သိရသည်။
ဘီးလင်းမြို့နယ်အတွင်း လုံခြုံရေးအလှမ်းဝေးသောနေရာများရှိသော စာသင်ကျောင်းများမှာ ပိတ်ထားရပြီး ယခုအခါ ဘီးလင်းမြို့နယ်အတွင်း ကျေးရွာများရှိ ဖွင့်လှစ်ပြီးစာသင်ကြားနေသော စာသင်ကျောင်းများကို ခြိမ်းခြောက်စာများအား KNU တပ်မဟာ(၁)နှင့် PDF အကြမ်း ဖက်သောင်းကျန်းသူများက စာသင်ကျောင်းများတွင် နစက အစိုးရဝန်ထမ်းများ တာဝန်ထမ်းဆောင်ခွင့်မပြုကြောင်း ထုန်ပြန်ချက်ခြိမ်းခြောက်စာများကို လိုက်လံကပ်နေကြကြောင်း သတင်းရရှိပါသည်။
#PAN