“အိန္ဒိယနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့က နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာငွေပေးချေမှုများတွင် နိုင်ငံ၏ငွေကြေးများကိုသာ အသုံးပြုသွားရန် စီစဥ်နေကြပြီး ဂျပန်နိုင်ငံ၊ပြင်သစ်နိုင်ငံ တို့အပါအဝင် အခြားနိုင်ငံ အများအပြားက လည်း ပါဝင်နိုင်ရန် ဆွေးနွေးလျက်ရှိ”

ဇူလိုင် ၁၈

အိန္ဒိယနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် အရောင်းအဝယ်ပြုလုပ်ရာတွင်ရန် နိုင်ငံငွေကြေးများကိုသာ အသုံးပြုသွားရန် စီစဉ်နေကြောင်း Bloomberg သတင်းဌာန က ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်နေ့တွင် ဖော်ပြပြော ဆိုထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့သည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဆိုင်ရာ ငွေလွှဲပြောင်းမှုများတွင် ၎င်းတို့နိုင်ငံ၏ ငွေကြေးများဖြင့် လျင်မြန်သော ငွေပေးချေမှု စနစ်များ အရှိန်မြှင့်တင်နိုင်ရန် နှင့် နှစ်နိုင်ငံ ငွေပေးချေမှုစနစ်များကို ချိတ်ဆက်ပေးနိုင်ရန် စီစဉ်နေကြောင်း အိန္ဒိယအစိုးရ၏ အကြီးတန်း အရာရှိ တစ်ဦးက မကြားသေးမှီအချိန်က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Sri Mulyani Indrawati တို့က အိန္ဒိယနိုင်ငံအတွင်းကျင်းပပြုလုပ်ခဲ့သည့် G-20 နိုင်ငံပေါင်း နှစ်ဆယ်အုပ်စုကြား အစည်းအဝေးများမတိုင်မီ အထက်ပါ နှစ်နိုင်ငံသဘောတူညီမှု အဆိုပြုချက်များကို ဆွေးနွေးခဲ့ကြတာလည်းဖြစ်တယ်လို့ Bloomberg သတင်းဌာနက ဖော်ပြပြောဆိုထားပြီး နှစ်နိုင်ငံ တာဝန်ရှိသူများကတော့ မိမိနိုင်ငံငွေကြေး များကိုသာ အသုံးပြုပြီး အိန္ဒိယ – အင်ဒိုနီးရှား နှစ်နိုင်ငံကုန်သွယ်မှု အစီအစဥ်များ ကို လူသိရှင်ကြားမဖော်ပြရန် တောင်းဆို ထားကြောင်း လည်း အဆိုပါ သတင်းဌာနက ရေးသားဖော်ပြ​ထားပါတယ်။

ထို့နောက် အင်ဒိုနီးရှားဘဏ်နှင့် ဂျကာတာရှိ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကလည်း အဆိုပါ နှစ်နိုင်ငံ သဘောတူညီမှု ကိစ္စရပ်များ နှင့် ပတ်သတ်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိခဲ့ပါဘူးလို့လည်း အဆိုပါသတင်းဌာနကဖော်ပြပြောဆိုထားပါသေးတယ်။

တောင်အာရှနိုင်ငံများသည် ၎င်းတို့၏ ငွေပေးချေမှုစနစ်များကို စင်ကာပူနိုင်ငံနှင့် ချိတ်ဆက်ထားရပြီး ယခုပြုလုပ်ကြမည့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးများတွင် မိမိတို့နိုင်ငံငွေကြေးများဖြင့် အမြန်ငွေပေး ချေမှုများအတွက် ဂျပန်နိုင်ငံ နှင့် ပြင်သစ်နိုင်ငံတို့ အပါအဝင် အခြားနိုင်ငံ အများအပြားနှင့်လည်း ဆွေးနွေး လျက်ရှိ ကြောင်းလည်း Bloomberg သတင်းဌာန ကဖော်ပြပြောဆိုထားပါတယ်။