ဘီးလင်းမြို့နယ်​အတွင်း အားဝါ​ဒေး (​လောင်း ကစားဝိုင်​)များကို ဗုံး ပေါက်​ကွဲခဲ့သော်လည်းပြောင်ပြောင်းတင်းတင်းပြုလုပ်နေ

ဇူလိုင် ၁၈

        မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့ နယ်​၊ ဇုတ်​သုတ်​ကျေးရွာအုပ်​စုနှင့်​ ယွန်းဒလင်းကုန်း​ကျေးရွာအုပ်​စုတို့တွင်​ အားဝါ​ဒေး (​လောင်း ကစားဝိုင်​)များ ကျင်းပပြုလုပ်​နေကြကြောင်း၊ ဇုတ်​သုတ်​ကျေးရွာအုပ်​စု ၊​ကော့ကွဲရပ်​ကွက်​တွင်​ဦး​မောင်​စံမှ တာဝန်​ခံ​ဆောင်​ရွက်​နေပြီး အားဝါ​ဒေးကို နေခင်းဘက်​သာ​ကျင်းပပြုလုပ်​နေကြ​ကြောင်းသိရသည်​။

       ယွန်းဒလင်းကုန်း​ကျေးရွာအုပ်​စု၊ ကတကဲရပ်​ကွက်​တွင်​ကျင်းပပြုလုပ်​နေ​သော အားဝါ​ဒေး (​လောင်းကစားဝိုင်း)တွင် ဇူလိုင်လ ၁၅ ရက်​နေ့ ညတွင်​ ဗုံးနှစ်​လုံး​ပေါက်​ကွဲခဲ့ပြီး ပြည်​သူ့ ၃ ဦးထိခိုက်​ဒဏ်​ရာရရှိခဲ့​သော်​လည်း အားဝါ​ဒေးကို ဆက်​လက် ပြုလုပ်​နေ​ကြောင်း သိရသည်​။ ၎င်း အားဝါ​ဒေး အား​ပေါက်​တော​ကျေးရွာ​နေသူ​ ဒေါ်သီတာနှင့်​ပေါက်​တော​ကျေးရွာအုပ်​စု၊ ကျုံကမိစုကွက်​သစ်​တွင်​နေထိုင်​သူ ဦးတင်​ဝင်း(အုပ်​ချုပ်​ရေးမှူး​ဟောင်း)တို့မှ တာဝန်​ယူ​ဆောင်​ရွက်​နေကြ​ကြောင်းသိရသည်​။

      ဘီးလင်းမြို့နယ်​အတွင်း တရားမဝင်​အားဝါ​ဒေးများကျင်းပ​နေခြင်းသည်​တရားဥပ​ဒေအထက်​တွင်​မည်​သူများမရှိ​စေရ ဆို​သော စကားရပ်​ကို​မေးခွန်​ထုတ်​နေသလိုဖြစ်​နေရပါသည်​။ သက်​ဆိုင်​ရာတာဝန်​ရှိသူများအ​နေဖြင့်​အ​ရေးယူ​ဆောင်​ရွက်​ပေး​စေချင်​ကြောင်း ဘီးလင်းမြို့နယ်​ပြည်​သူ့များအ​နေဖြင့်​မျှော်​လင့်​နေကြ​ကြောင်း သတင်းရရှိပါ သည်​။

#PAN