မြ၀တီမြို့အနီးရှိ တပ်မတော်လုံခြုံရေးစခန်းများကို အကြမ်း ဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များက စစ်ကြောင်း နှစ်ကြောင်းခွဲ၍ တိုက်ခိုက်

ဇူလိုင် ၁၈

       ကရင်ပြည်နယ်၊ မြ၀တီမြို့၊ လက်ခတ်တောင်ခြေမှာရှိသော တပ်မတော်၏ လုံခြုံရေးစခန်းများဖြစ်သော မြစိမ်းတောင်စခန်းနှင့် ၀ိဇ္ဇာတောင်စခန်းများကို အကြမ်းဖက်သောင်းကျန်း သူ ကော်ပရာစစ်ကြောင်းမှူးစောဒါဘော  ဦး ဆောင်သည့် အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့်  PDF ပူးပေါင်းအဖွဲက သာလွန်အင် အားဖြင့် လာရောက်ပစ်ခတ်တ်ိုက်ခိုက်လျှက်ရှိကြောင်းနှင့် နယ်မြေခံတပ်များမှ လက်နက်ကြီးပစ်ကူပေးလျက်ရှိကြောင်း သိရှိရပါသည်။

     တဆက်တည်းမှာပင် တုံးတံတားရွာတွင်လည်းတပ်မတော်စစ်ကြောင်းနှင့် နှစ်ဖက်ထိတွေ့မူဖြစ် ပွားနေကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့်  PDF ပူးပေါင်းအဖွဲ့သည် သာလွန် အင်အားဖြင့် တိုက်ခိုက်လျှက်ရှိကြောင်း၊အကြမ်း ဖက်သောင်းကျန်းသူများသည် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ တိုက်ခိုက်လျှက်ရှိရာ ကော်ပရာစစ်ကြောင်း ၁ ကို စောဒါဘောအဖွဲ့၊ ကော်ပရာစစ်ကြောင်း ၂ စော၀င်းမြင့် အဖွဲ့ တို့အပြင်  ထား၀ယ်ဘက်မှစစ်ကူများ ထပ်မံရောက်ရှိနေကြောင်း သိရှိရပါသည်။

      အကြမ်းဖက်သောင်းကျန်းသူများသည် မြဝတီ DKBA ဆက်ဆံရေးဝန်းအတွင်း KTLA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၅၀ ခန့်သည် DKBA အသွင်းယူ ဝတ်စုံများဖြင့် ရောက်ရှိ
ရှိနေကြောင်း၊ အတွင်းစည်းထဲတွင် နေရာယူထားကြောင်း၊ မြေနီကုန်းအောင်မြေရွှေဘ်ိုရပ်ကွက်ထဲတွင်လည်း လူ၊လက်နက်အပြည့်အစုံ ၅၀ခန့် နေရာယူထားကြောင်း သတင်းရရှိပါသည်။

#PAN