“အိန္ဒိယနိုင်ငံက ပြီးခဲ့သည့်၅နှစ်တာအတွင်း ဆင်းရဲမွဲတေသူ လူပေါင်း ၁၃၅သန်းနီးပါးကို နိုင်ငံ၏ ဆင်းရဲမွဲတေမှုလျှော့ချရေးအစီအစဥ် အဖြစ် စံချိန်တင် ကယ်တင်နိုင်ခဲ့”

ဇူလိုင် ၁၈

အိန္ဒိယနိုင်ငံသည် နိုင်ငံအတွင်းရှိ ဆင်းရဲမွဲတေသူ လူပေါင်း ၁၃၅ သန်းကို ၅နှစ်တာအတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးအဖြစ် စံချိန်တင် ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံGovernment agency ဖြစ်သည့်NITIAayog အဖွဲ့အစည်းကပြီးခဲ့သည့် ဇူလိုင် ၁၇ရက်နေ့တွင် အစီရင်ခံ ဖော်ပြပြော ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံ၏ “National Multidimensional Poverty Index: A Progress Review 2023လို့ အမည်ပေးထားသော အစီရင်ခံစာတွင် နိုင်ငံ တွင်း ဆင်းရဲမွဲတေမှုနှုန်းများသည် ၂၀၁၅- ၂၀၁၆ခုနှစ်များ တွင် ၂၄.၈၅ ရာခိုင်နှုန်းမှ ၂၀၁၉-၂၀၂၁ ခုနှစ်များတွင် ၁၄.၉၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် နေထိုင်သော ကျေးလက် ဒေသများတွင် မြို့ပြဒေသများနှင့် နှိုင်းယှဉ်ပါက ဆင်းရဲနွမ်းပါးမှုနှုန်းများ ပိုမိုမြန်ဆန်စွာ ကျဆင်းလာကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ၏ ဆင်းရဲမွဲတေမှု လျှော့ချရေးတွင် အကြီးမားဆုံးအောင်မြင်မှု ရရှိခဲ့သော ဒေသများမှာ အိန္ဒိယနိုင်ငံမြောက်ဘက်ပိုင်းရှိ Uttar Pradesh ပြည်နယ် တွင် တွေ့ရှိရပြီး Bihar၊ Madhya Pradesh၊ Odisha နှင့် Rajasthan ပြည်နယ်တို့တွင်လည်း သိသာထင်ရှားသော အောင်မြင်မှုခြေလှမ်းများ ရှိခဲ့ကြောင်း အဆိုပါ အစီအရင်ခံစာများကို ကိုကားပြီး သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။