ဆောမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်း သူ PDF တစ်ဦးကို တပ်မတော်လုံခြုံရေးအဖွဲ့ငယ်မှ ပစ်ခတ်ဖမ်းဆီး

ဇူလိုင် ၁၈

       မ​ကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးကို ယခုလအတွင်း ဆောင်ရွက်နေကြောင်း သိရပါသည်။ ထိုသို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် အကြမ်းဖက်သောင်းကျန်းသူ PDF များ သွားလာတတ်သောနေရာများတွင် လုံခြုံရေးအဖွဲ့ငယ်များဖြင့် ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဥ် ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ဆောမြို့နယ်၊ ကြိမ်ချောင်းလမ်းဆုံတွင် ဖြတ်သန်းသွားစဥ် လုံခြုံရေးအဖွဲ့ငယ်မှ လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ပါသည်။

       ထိုသို့ ပစ်ခတ်ခဲ့ရာ စိစစ်ဆဲ အကြမ်းဖက်သောင်း ကျန်းသူ PDF တစ်ဦးကို M-22 တစ်လက်၊ AK 47 တစ်လက်၊လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၁၆ တောင့်၊ ကျည်အိမ် ၂ ခုတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN