မြဝတီမြို့၊ ပွင့်လင်းအေးမြိုင်ကျေးရွာအဝင်လမ်းတွင် အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိ၊ မြဝတီမြို့ကို တိုက်ခိုက်ရန် သတင်းများထွက်ပေါ်နေ

ဇူလိုင် ၁၈

       ကရင်ပြည်နယ်၊ မြဝတီမြို့၊ ပွင့်လင်းအေးမြိုင်ကျေးရွာအဝင်လမ်းတွင် အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုအောင်ကျော်ဆင့်၊ ၂၈ နှစ်၊ (ဘ)ဦးလှရွှေ၊ ဗမာ/ဗုဒ္ဓ၊ မန်နေဂျာ (Union Hotel)၊ အာရှလမ်း၊ အမှတ်(၄)ရပ် ကွက်၊ မြဝတီမြို့နေသူတွင် ယာဘက်ခါးလက် နက် ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ဖြင့် ခရိုင်ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ယာဉ်အမှတ် KYN-7 9G-2147 Honda Fit (အနက်ရောင်)ကို ကိုအောင်ကျော်ဆင့်က မောင်းနှင်ပြီး ဘေးတွင် ကိုနိုင်ချေ၊ ၂၃ နှစ်၊ (ဘ) ဦးဘသိန်း၊ ရခိုင်/ဗုဒ္ဓ၊ ဝန်ထမ်း(Union Hotel)၊ အောင်မြေရွှေဘုံရပ်၊ အမှတ် (၄)ရပ်ကွက်၊ မြဝတီမြို့နေသူမှ စီးနင်းလိုက် ပါ၍ Union Hotelမှ ဧည့်သည်တစ်ဦးအား မြဝတီမြို့နယ်၊ အေးသုခကျေးရွာရှိ စိမ်းလဲ့မြိုင်အဝေးပြေးယာဉ်ရပ်နား ကွင်း၊ GIကားဂိတ်သို့ သွားရောက်ပို့ဆောင်ပြီးအပြန်တွင် ပွင့်လင်းအေးမြိုင်ကျေးရွာရှိ သစ်တံခါး ဆရာတော်ကျောင်းသို့ ဖူးမျှော်ရန်သွား ရောက်စဉ် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်ပွင့်လင်းအေးမြိုင်ကျေးရွာအဝင်လမ်း၏ ဝဲဘက်ခြမ်းချုံနွယ်သစ်ပင်များကြားမှ အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက်ငယ်များ(စိစစ် ဆဲ)ဖြင့် ၁၅ ချက်ခန့် ယာဉ်၏နောက်ပိုင်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ကိုနိုင်ချေ မှ ပြည်သူများဖြစ် ကြောင်း အော်ဟစ်ပြောဆိုခဲ့ရာ ပစ်ခတ်မှုရပ်တန့်ကာ ချုံနွယ်သစ်ပင်များ ကြားသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်၏ နောက်ပိုင်းတွင် လက်နက်ငယ် ကျည် ၄ ချက်ထိမှန်ခဲ့ပြီး ယာဉ်၏ နောက်ပိုင်းမှတစ်ဆင့် ကိုအောင်ကျော်ဆင့် အား ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကိုနိုင်ချေ တွင် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ကြောင်းနှင့် ယာဉ်အား လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် ကာလ တန်ဖိုး(၅)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံး သွားခဲ့ကြောင်းသတင်းရရှိပါသည်။

အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် မနက်ဖြန်ကျရောက်မည့် အာဇာနည်နေ့တွင် မြဝတီမြို့ကို ဝင်ရောက်တိုက်ခိုက်ရန် စီမံနေကြောင်း သတင်းများထွက်ပေါ်နေရာ မြို့ပေါ်နေပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်မှုများဖြစ်ပေါ်နေကြောင်း သိရပါသည်။

#PAN

ဇူလိုင် ၁၈        ကရင်ပြည်နယ်၊ မြဝတီမြို့၊ ပွင့်လင်းအေးမြိုင်ကျေးရွာအဝင်လမ်းတွင် အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုအောင်ကျော်ဆင့်၊ ၂၈ နှစ်၊ (ဘ)ဦးလှရွှေ၊ ဗမာ/ဗုဒ္ဓ၊ မန်နေဂျာ (Union Hotel)၊ အာရှလမ်း၊ အမှတ်(၄)ရပ် ကွက်၊ မြဝတီမြို့နေသူတွင် ယာဘက်ခါးလက် နက် ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ဖြင့် ခရိုင်ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါသည်။ ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ယာဉ်အမှတ် KYN-7 9G-2147 Honda Fit (အနက်ရောင်)ကို ကိုအောင်ကျော်ဆင့်က မောင်းနှင်ပြီး ဘေးတွင် ကိုနိုင်ချေ၊ ၂၃ နှစ်၊ (ဘ) ဦးဘသိန်း၊ ရခိုင်/ဗုဒ္ဓ၊ ဝန်ထမ်း(Union Hotel)၊ အောင်မြေရွှေဘုံရပ်၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့နေသူမှ စီးနင်းလိုက်ပါ၍ Union Hotelမှ ဧည့်သည်တစ်ဦးအား မြဝတီမြို့နယ်၊ အေးသုခကျေးရွာရှိ စိမ်းလဲ့မြိုင်အဝေးပြေးယာဉ်ရပ်နား ကွင်း၊ GIကားဂိတ်သို့ သွားရောက်ပို့ဆောင်ပြီးအပြန်တွင် ပွင့်လင်းအေးမြိုင်ကျေးရွာရှိ သစ်တံခါး ဆရာတော်ကျောင်းသို့ ဖူးမျှော်ရန်သွား ရောက်စဉ် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်ပွင့်လင်းအေးမြိုင်ကျေးရွာအဝင်လမ်း၏ ဝဲဘက်ခြမ်းချုံနွယ်သစ်ပင်များကြားမှ အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက်ငယ်များ(စိစစ် ဆဲ)ဖြင့် ၁၅ ချက်ခန့် ယာဉ်၏နောက်ပိုင်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ကိုနိုင်ချေ မှ ပြည်သူများဖြစ်ကြောင်း အော်ဟစ်ပြောဆိုခဲ့ရာ ပစ်ခတ်မှုရပ်တန့်ကာ ချုံနွယ်သစ်ပင်များ ကြားသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်၏နောက်ပိုင်းတွင် လက်နက်ငယ် ကျည် ၄ ချက်ထိမှန်ခဲ့ပြီး ယာဉ်၏ နောက်ပိုင်းမှတစ်ဆင့် ကိုအောင်ကျော်ဆင့် အား ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကိုနိုင်ချေ တွင် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ကြောင်းနှင့် ယာဉ်အား လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် ကာလ တန်ဖိုး(၅)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံး သွားခဲ့ကြောင်းသတင်းရရှိပါသည်။ အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် မနက်ဖြန်ကျရောက်မည့် အာဇာနည်နေ့တွင် မြဝတီမြို့ကို ဝင်ရောက်တိုက်ခိုက်ရန် စီမံနေကြောင်း သတင်းများထွက်ပေါ်နေရာ မြို့ပေါ်နေပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်မှုများဖြစ်ပေါ်နေကြောင်း သိရပါသည်။