မကွေးလေတပ်စခန်းဌာနချုပ်ကို ပစ်မှတ်ထားပြီး အကြမ်းဖက်သောင်းကျန်းသူ PDF များက ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ဇူလိုင် ၁၈

       ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ မကွေးမြို့၊ မကွေးလေတပ်စခန်းဌာနချုပ်ကို ပစ်မှတ်ထားပြီး အကြမ်းဖက်သောင်းကျန်းသူ PDF များက ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး တစ်လုံးမှာ မကွေးဂေါက်ကွင်းအတွင်း ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိကြောင်း၊ ကျန် သုံးလုံးမှာ လေတပ်စခန်း အတွင်းရှိ ယာခင်းများအတွင်း ကျရောက်ခဲ့ပြီး တစ်လုံးသာပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

     ထိုသို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲအချိန်တွင် လေတပ်အနီးရှိ မြို့ခံပြည်သူများမှ ပေါက်ကွဲသံ ကျယ်လောင်စွာ ကြားသိကြကြောင်း၊ ပေါက် ကွဲမှုမရှိသော ရှော့တိုက်ဒုံးများကို နယ်မြေခံလုံခြုံ ရေးအဖွဲ့များက စနစ်တကျ အန္တရာယ်ကင်ရှင်းစွာ ဖယ်ရှားပြီးဖြစ်ကြောင်း သိရပါသည်။

      ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်း ထိခိုက်မှုမရှိကြောင်း၊ ပစ်ခတ်ခဲ့သည့် နေရာအား အတည်ပြုဆဲဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ် အပါအဝင် အကြမ်းဖက်သောင်းကျန်းသူ PDF များက မကွေးလေဆိပ်အား ရှော့တိုက်ဒုံး ဖြင့်ပစ်ခတ်မှု ၄ ကြိမ် ရှိပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN