ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ရွာအနီး ဆက် ကြေးကောက် အနိုင်ကျင့်ကာ အခြေပြုလျက်ရှိသော အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF များကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှင်းလင်းစဥ် တိုက်ပွဲဖြစ်ပွား

ဇူလိုင် ၁၇

     ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မွန် ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ရွာအနီး အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF များက ပြည်သူလူထုအား ဆက်ကြေးကောက် အနိုင်ကျင့်ကာ အခြေပြုလျက်ရှိနေကြာင်း၊ ၎င်းတို့၏ အနိုင်ကျင်မှုများကို မလိုလားသော တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့လာသဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်၍ ပိတ်ဆို့ရှင်းလင်းစဥ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါ သည်။

      အဆိုပါ တိုက်ပွဲတွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်း KNU ၁ ဦးကို hijet အမျိုးစား ယာဥ် ၂ စီး( ၁ စီးမှာ မီးလောင်ပျက်စီး)၊ Wave 100 ဆိုင်ကယ် ၁ စီး၊ ၇.၆၂ ကျည် ၅၂ တောင့်၊ ၅. ၅၆ ကျည် ၇ တောင့်၊ အီနာဂါဗုံးသီး ၄ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ FRB စာတန်းပါ တံဆိပ် ၁ ခု၊ တပ်ကြပ်အဆင့် တံဆိပ် ၂ စုံ၊ KNLA တပ်မဟာ ၁ စိစစ်ရေးကဒ် ၁ ခု၊ ပျောက်ကျား အင်္ကျီ/ပုခက်၊ ကျောပိုး အိတ် ၂ လုံး၊ လည်စည်း အနီ ၁ ထည်၊ ဘန်ကာတဲ တစ်လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN