ပဲခူးတိုင်း​ဒေသကြီးအနောက်ခြမ်းမှ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ လူသတ်အကြမ်းဖက်ဝါဒ ကျဆုံးခန်း(သတင်းဆောင်းပါး)

     ပဲခူးတိုင်း​ဒေသကြီးအနောက်ခြမ်းအတွင်းမှာ အခြေပြုလှုပ်ရှားရန် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများဟာ ရိက္ခာများစုဆောင်းပြီး ပဲခူးရိုးမအတွင်း ခြေကုတ်ယူရန် ကြိုးစားနေကြပါတယ်။

    အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF ခေါင်း ဆောင် ပါလေးဝင်းအောင် အဖွဲ့ဟာ ပေါင်းတည် – ပေါက်ခေါင်းရိုးမပတ်လမ်း ရိုးမတောင်ခြေ ပေါင်းတည်မြို့နယ်၊သစ်ပုတ်အုပ်စု လက်ပံခုံရွာ နှင့်တောင်ခမောက်ရွာဝန်းကျင်တွင်ရှိသော ရွာများကိုအခြေပြုရိက္ခာစုဆောင်းကာ အကြမ်းဖက်မှု့များစွာပြုလုပ်နေခဲ့ကြပါတယ်။

        လွန်ခဲ့သော ၃ ရက်ခန့်က နယ်မြေခံတပ်မတော်စစ်ကြောင်းက အဲဒီနယ်မြေကို ဝင်ရောက်ရှင်းလင်းရာမှာ ထိတွေတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားပုံကတော့ တပ်မတော်စစ်ကြောင်းက လက်ပံ့ခုံရွာသို့ သွားရောက်စဥ်မှာ တစ်ရွာဝင်၊ တစ်ရွာထွက် စျေးလိုက်ရောင်းသော စျေးသည်များ၊ ခရီးသည်များဟာ အကြမ်းဖက် PDF တွေရှိတဲ့ လက်ပံခုံရွာကို ဖြတ်သန်းမသွားရဲတဲ့အတွက်  တပ်မတော်စစ်ကြောင်းနဲ့အတူ  လိုက်ပါလာခဲ့ပါတယ်။

     အဲဒီလို လက်ပံခုံရွာကို တပ်မတော်စစ်ကြောင်းက ​ဝင်ရောက်စဥ်မှာဘဲ ပါလေးဝင်းအောင် ခေါင်း ဆောင်တဲ့ အကြမ်းဖက်သောင်းကျန်းသူ PDF များဟာ လက်ပံခုံဘုန်းကြီးကျောင်အတွင်း  အကာအကွယ်ယူပြီး သာသနာမြေအဆောက်အုံကိုအသုံးချကာ စျေးသည်များ၊အမျိုးသမီးများ၊ ခရီးသွားများပါလာသည့်စစ်ကြောင်းကို စတင်တိုက်ခိုက်ခဲ့ပါတယ်။

      အကြမ်းဖက်သောင်းကျန်းသူ PDF များမှာ ည ၁၂နာရီကျော်လောက်ကတည်းက ဘုန်းကြီး ကျောင်းခြံအတွင်း ရောက်ရှိနေပြီး ဘုန်းကြီးထံသို့ကျောင်းမှာရှိသော ဆန်နှင့်ရိက္ခာ ပြန်စွန့်ရန် သေနတ်ပါ အကြမ်းဖက် ၃ ဦး တောင်းဆိုရန်ပြုခဲ့တာကြောင့် သက်တော် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဆရာ တော်က ရှေ့တခါးမကြီးကိုမဖွင့်ပေးပဲ ကျောင်းနောက်ဖက်အပေါက်မှဆင်ပြေးပုန်းရှောင်နေခဲ့ရပါတယ်။

      တပ်မတော်စစ်ကြောင်း ရွာအတွင်း ဝင်ရောက်လာချိန်မှာတော့ သာသနာအဆောက်အုံကို အကာအကွယ်ယူပြီး အ​ကြမ်းဖက်များကစတင်ပစ်ခတ်ခဲ့ရာမှ တပ်မတော်စစ်ကြောင်းနဲ့ အပြန် အလှန် ပစ်ခတ်မှု့ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ စစ် ကြောင်းနဲ့ အတူပါလာသော ခရီးသွားရပြည်သူ၊စျေးသည်များနှင့် ဆရာတော်တို့ကို တပ်မတော်စစ်ကြောင်းအဖွဲ့က ဘေးကင်းရာနယ်မြေသို့ ခေါ်ဆောင်ပြီး စောင့်ရှောက်ထားနိုင်ခဲ့ပါတယ်။

         လွန်ခဲ့သည့် တစ်လ ခန့်က လက်ပံခုံရွာတွင်အနှစ်၂၀ ကျော် သတင်းသုံးနေထိုင်သာသနာပြု
ဆရာတော် တစ်ပါးကိုလည်း အဲဒီအကြမ်းဖက်သောင်းကျန်းသူ PDF များက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ ဆရာတော်နှင့် ဒေသခံ
ပြည်သူများပြောပြချက်အရ ”စစ်ကြောင်းရွာထဲသို့လာလျှင် အချက်ပေးသံချောင်းတီး၍ ရွာသားများပုန်းရှောင်နေရန်၊ စစ်ကြောင်းပြန်သွားမှ ရွာထဲသို့ပြန်ဝင်ကြရန်၊ ပြောသည့်အတိုင်းမလိုက်နာသူကို ဒလန်သတ်မှတ်၍ သတ်ပစ်မည်” ဟု အကြမ်းဖက် PDF များက ခြိမ်းခြောက်ထားတာကြောင့် စစ်ကြောင်းရောက်လာချိန်ရွာထဲမှာ မနေရဲဘဲ ပုန်းရှောင်နေကြရပါတယ်။ စစ်ကြောင်းပြန်သွားတဲ့အခါ ရွာထဲကို အကြမ်းဖက်များ ဝင်ထွက်သွားလာနေကြပြီး ဆန်နှင့်ရိက္ခာများ အပါတ်စဥ် ထောက်ပံရပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာ ဆန်ပြုတ်စားပြီး သတ်မှတ်ဆန်ကို အကြမ်းဖက် PDF တွေကို ထောက်ပံပေးနေကြရပါတယ်။

      စစ်ကြောင်းလာရောက်စဥ်မှာ အိမ်တွေကို ပိတ်ထားတဲ့၊ ရှောင်ပုန်းနေတဲ့ အိမ်တွေကို  တပ်မ တော်စစ်ကြောင်း ပြန်လည်ထွက်ခွာသွားတဲ့အခါ အကြမ်းဖက် PDF များက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တပ်မတော်က မီးရှို့ဖျက်ဆီးသလို လုပ်ကြံဖန်တီးပြီး မီဒီယာကတစ်ဆင့် ပြည်သူကို လိမ်ညာဝါဒဖြန့်ခဲ့ကြကြောင်းကို ဒေသခံပြည်သူများရဲ့ ပြောပြချက်အရ သိရပါတယ်။

     လက်ပံခုံရွာနဲ့ အနီးဝန်းကျင်ရွာများမှ လူငယ်များကို အကြမ်းဖက် PDFများက တပ်သားသစ်စုဆောင်းခြင်းလုပ်တဲ့အပြင် တစ်အိမ်တစ်ယောက် တပ်သားသစ်ပေးရမည်လို့ အကြပ်ကိုင်တောင်းလာတဲ့အတွက် လယ်ယာများကို စိုက်ပျိုးချိန်မှာ စွန့်ခွာရပြီး လုံခြုံဘေးကင်းရာသို့ ထွက်ခွာ၊ လူလွတ်ပြောင်းသွားကြရတဲ့ မိသားစုများစွာရှိပါတယ်။

       ပေါင်းတည်မြို့နယ်ထဲက သိမ်ကုန်းအုပ်စုတွင်းမှ ကျေးရွာများမှာလည်း ဓါးပြတိုက်သကဲ့ သို့ ရွာထဲဝင် သေနတ်ပစ်ဖောက်ပြီး ဆန်နှင့်ရိက္ခာ စုလာပေးရန် တောင်းလို့ ပေးခဲ့ကြရပါတယ်။
မနှစ်က သိမ်ကုန်းအုပ်စု၊ လဲပင်ရွာမှာ အကြမ်း ဖက် PDF များက မိုင်ထောင်ထားပြီး ရွာသားများကို စစ်ဘေးရှောင်ဟုဆိုကာပြေးခိုင်းခဲ့ပြီး တပ်မ တော်စစ်ကြောင်းလာချိန်မှာ အ​ကြမ်းဖက် PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လဲပင်ရွာကို မီးရှို့ခဲ့ပြီး တပ်မတော်စစ် ကြောင်းက မီးရှို့သယောင် ပြည်သူက ထင်မြင်လာအောင် လုပ်ကြံဖန်းတီးခဲ့တဲ့ ဖြစ်စဥ်များရှိခဲ့ပါတယ်။

      ယခုအခါ တပ်မတော်စစ်ကြောင်းများဖြင့် ပိတ်ဆို့ထားပြီး ရိက္ခာသယ်ယူဖို့ အခွင့်အလမ်းမရှိအောင်နဲ့ ရိုးမပတ်လမ်းရွာများကို အမှီပြု ဆက် ကြေးကောက်နေတဲ့ အကြမ်းဖက် အားပေးထောက်ပံပေးနေသူများကို ပါဖမ်းစစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း ဒေသခံပြည်သူများရဲ့ ပြောပြချက်များအရ သိရှိရပါတယ်။

       ”လူသတ်အကြမ်းဖက် ဝါဒ ကျဆုံးပါစေ”
၂၀၂၃ ခုနှစ် ဇူလိုင် ၁၇

#PAN