“တူရကီသမ္မတ က အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ နှင့် ကာတာနိုင်ငံတွေကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထား”

ဇူလိုင် ၁၇

တူရကီသမ္မတ Recep Tayyip Erdogan က ယနေ့ ဇူလိုင် ၁၇ရက် တနင်္လာနေ့တွင် ဆော်ဒီအာရေးဗီးယား နိုင်ငံသို့လည်းကောင်း လာမည့် အင်္ဂါနေ့တွင် ကာတာနိုင်ငံ နှင့် လာမည့်ဗုဒ္ဓဟူးနေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံများ သို့ ၃ ရက်ကြာ ခရီးလှည့်လည်ရန် ပြင်ဆင်နေကြောင်း သတင်းဌာနများ ကဖော်ပြပြောဆ်ိုထားကြပါတယ်။

အဆိုပါ ခရီးစဉ်များအတွင်း တူရကီနိုင်ငံ၏ ခေါင်းဆောင်က တူရကီနိုင်ငံပိုင်ပိုင်ဆိုင်မှုများကို ပုဂ္ဂလိက ပိုင်ပြုလုပ်ခြင်းမှ တိုက်ရိုက်ရင်း နှီးမြုပ်နှံမှုများ နှင့် ကာကွယ်ရေးဆိုင်ရာစက်မှု လုပ်ငန်းသဘောတူညီချက်များ အပါအဝင် ကန်ထရိုက်များအထိ အားလုံး ပါဝင်နိုင်သည့် ကန်ဒေါ်လာဘီလီယံ ပေါင်းများစွာတန်သော သဘောတူညီချက်များ ယခု ခရီးစဥ်အတွင်း ပြုလုပ်သွားရန် မျှော်လင့်ထားကြောင်းလည်း သတင်းဌာနများက ဖော်ပြပြောဆ်ို ထားကြပါတယ်။

“ကျနော် တို့၏ခရီးစဉ်အတွင်း တူရကီနိုင်ငံအား ပံ့ပိုးပေးမည့် ထောက်ပံ့မှုများအပေါ် ပုဂ္ဂိုလ်ရေးအရ နောက်ဆက်တွဲလုပ်ဆောင်ရန် အခွင့်အရေးရလိမ့်မယ်”လို့ သမ္မတ အာဒိုဂန်က မကြာသေးမီအချိန် က တူရကီသတင်း ဌာနများကို ပြောကြားထားတာ တွေလည်းရှိနေပါတယ်။