“ဘရာဇီး သမ္မတ နှင့် ရုရှားသမ္မတ တို့က တောင်အာဖရိက နိုင်ငံတွင် ကျင်းပပြုလုပ်မည့် BRICS အဖွဲ့အစည်းကြီး၏ ထိပ်သိီးခေါင်း ဆောင်များ အစည်းအဝေး အတွင်း ရုရှား-ယူကရိန်း ပဋိပက္ခများ အတွက် ဆွေးနွေးမှုများပြုလုပ်သွားကြမှာဖြစ်ပြီး ယူကရိန်း အတွက် ငြိမ်းချမ်းရေး အလားလာရှိနိုင်”

ဇူလိုင် ၁၇

ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး Mauro Vieira ၏ ပြောကြားချက်အရ မကြာမီကာလအတွင်း ရုရှားနှင့် ဘရာဇီးလ်ခေါင်းဆောင်များ ဖြစ်ကြသည့် ပူတင် နှင့် လူလာဒါဆေးလ်ဗာ တို့အကြား တွေ့ဆုံနိုင်ခြေရှိနေကြောင်း သိရပါတယ်။

အဆိုပါ ရုရှား – ဘရာဇီး နှစ်နိုင်ငံခေါင်း ဆောင်များ၏ တွေ့ဆုံမှုများကို လာမည့် ဩဂုတ်လတွင် တောင်အာဖရိက၌ ကျင်းပပြုလုပ်မည့် BRICS ထိပ်သီး အစည်းအဝေးတွင်တွေ့ဆုံမှုများ ပြုလုပ်ကြရန် ဖြစ်နိုင်ခြေပိုများ ကြောင်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။

“တောင်အာဖရိကမှာကျင်းပပြုလုပ်မည့် BRICS ထိပ်သီးဆွေးနွေးပွဲအတွင်း ရုရှား-ဘရာဇီး နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံကြမည့် အခွင့်အလမ်းလို့ ကျနော်တော်ထင်ပါတယ်။ သမ္မတ Lula က ရွေးကောက်ပွဲပြီးကတည်းက နှစ်ကြိမ်တိုင်တိုင် သမ္မတ ပူတင် နှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရုရှား သမ္မတ ပူတင် နှင့် တွေ့ဆုံမှုများ ပြုလုပ်သွားကြမှာဖြစ်ပြီး အဆိုပါ တွေ့ဆုံမှုများတွင် ရုရှား-ယူကရိန်း ပဋိပက္ခများကို ဆွေးနွေးသွားရန်ဖြစ်ပြီး ယူကရိန်းအတွက်တော့ ငြိမ်းချမ်းရေး အလားအလာ ရှိနိုင်ပါတယ်”လို့ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး ဗီအဲရာက ယနေ့ဇူလိုင် ၁၇ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

BRICs ထိပ်သီးအစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၌ ကျင်းပရန် စီစဉ်ထား ပြီးလည်းဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။