ကြာအင်းဆိပ်ကြီးမြို့၊ အထွေ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့သည် Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်

ဇူလိုင် ၁၇

     ယမန်နေ့  ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ အထွေ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့သည် Drone ၂ စီးဖြင့် Drop Bomb ၅ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ Drop Bomb ပစ်ချမှုကြောင့် ရဲစခန်းရုံးအတွင်း နေရာကျရောက်ပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး အထွေထွေအုပ်ရုံးတွင် ကျရောက်ပေါက်ကွဲခဲ့ရာ စားဖိုဆောင်နှင့် မြေစာရင်း ရုံးတို့ ထိခိုက်ပျက်စီးသွားကြောင်းသတင်းရရှိပါသည်။

     ပြည်ပြေးအကြမ်းဖက် NUG ၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် Drone များကို အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျှက်ရှိရာ ၎င်း Drone ဖြင့် ပစ်ချတိုက်ခိုက်မှု တိကျမှုမရှိသဖြင့် သာမန်အရပ်သားပြည်သူ များမှာ မကြာခဏထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားရကြောင်း၊ ထိုကဲ့သို့ Drone ဖြင့် တိုက်ခိုက်မှုများကို အစိုးရရုံးများနှင့် လုံခြုံရေးရုံး/စခန်းများတွင် အဆင့်မီ Drone Guard များတပ်ဆင်ထားသင့်ကြောင်း၊ သို့မဟုတ် Drone ကင်းချထားသင့်ကြောင်း မြို့ခံပြည်သူများက ပြောကြားလာပါသည်။

#PAN