ဘီးလင်းမြို့အဝင်၊ ရွှေသံလွင်တိုးဂိတ်ဟောင်းနေရာရှိ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့ကရှောင် တခင်စစ်ဆေးစဥ် အကြမ်းဖက်သောင်း ကျန်းသူ PDF ၃ ဦးကို ဖမ်းဆီးရမိ

ဇူလိုင် ၁၇

      ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် မွန်ပြည် နယ်၊ ဘီးလင်းမြို့၏ အရှေ့တောင် ၄ မိုင်ခန့်အကွာရှိ ရွှေသံလွင်တိုးဂိတ်ဟောင်းနေရာ၌ လုံခြုံရေးတာဝန်ဆောင်ရွက်နေသော နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့သည် ရှောင်တခင်ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် သထုံမြို့ဖက်မှ ဘီးလင်းမြို့ဖက်သို့ စက်ပိုင်စိုး၊ ၂၀ နှစ်၊ (ဘ) ဦးထွန်းဦး၊ တောင်စွန်းကျေးရွာ၊ ဘီးလင်းမြို့နေသူ မောင်းနှင်ပြီး နောက်တွင် ခန့်ဇင်ကို၊ ၁၉ နှစ်၊ (ဘ)ဦးကြည်ဟိန်း၊ အင်းစိန် စော်ဘွားကြီးကုန်း၊ သာယာလမ်း၊ အိမ်အမှတ်(၃၆)၊ရန်ကုန်တိုင်းဒေသကြီးနေသူနှင့်  ခင်မေလတ်၊ ၁၉ နှစ်၊ (ဘ)ဦးမင်းနိုင် ရွှေကျင်မြို့နယ်၊ သောင်လယ်ကျေးရွာ နေသူတို့ စီးနင်းလာသည့် နံပါတ်မပါ Wave 110 အစိမ်းရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ စစ်ဆေးရာတွင် ၎င်းတို့ ၃ ဦး၏ လက်ကိုင်ဖုန်းများကို စစ်ဆေးခဲ့ရာ သစ်ချတောင်အခြေပြု အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်ဖက်သောင်းကျန်းသူ PDF တပ်ဖွဲ့ဝင် ၃ ဦးကို ဘီးလင်းတပ်နယ်မှ တာဂန်ရှိသူများက မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ခေါ်ဆောင်သွားကြောင်းနှင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN