“မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ နောက်ဆုံးပေါ် Hwasong – 18 အမျိုးအစား ဒုံးကျည်ကို ပစ်လွှတ် စမ်းသပ်မှုများပြုလုပ်ပြီးနောက် အမေရိကန် – တောင်ကိုရီးယား – ဂျပန် သုံးနိုင်ငံတို့၏ ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ဂျပန်ပင်လယ်တွင်ပြုလုပ်ခဲ့ကြ”

ဇူလိုင် ၁၇

တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့ ပါဝင်သည့် ၃နိုင်ငံ စစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယားနိုင်ငံ၏ မကြာသေးမှီအချိန်က ဒုံးကျည်ပစ် လွှတ်မှုများ အပြီးတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ ကြတာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံ ၏ နျူကလီးယား ဒုံးကျည်ခြိမ်းခြောက်မှုများ ပြင်းထန်လာခြင်းများကို ဆန့်ကျင်သည့် အနေဖြင့် ၃ နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ပြသသည့် အနေဖြင့် ဂျပန်ပင်လယ်တွင် ပူးတွဲ ရေတပ် ဒုံးကျည် စစ်ရေးလေ့ကျင့်မှုများကို ပြီးခဲ့သည့် ဇူလ်ိုင် ၁၆ရက်နေ့က ပြုလုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ၎င်းတို့ ၏နောက်ဆုံးပေါ် Hwasong-18 အမျိုးအစား ဒုံးကျည်ကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ကမ်းရိုးတန်းတွင် နျူကလီးယား တိုက်ခိုက်မှု ပုံစံ အဖြစ် အဆိုပါ ဒုံးကျည်ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပစ်လွှတ် စမ်းသပ်ခဲ့ပြီးနောက် ၎င်းတို့နိုင်ငံအား ရန်လိုနေသူများကို လက်တွေ့ ကျသော သတိပေးသည့် ပုံစံ ဖြစ်ကြောင်း ပြောကြားထား တာလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က တောင်ကိုရီးယား ဂျပန် နှင့် အမေရိကန် တို့၏ သုံးနိုင်ငံ စစ်ရေး လေ့ကျင့်မှုများကို တောင်ကိုရီးယားနှင့် ဂျပန်ကြား ရှိ နိုင်ငံတကာ ရေပိုင်နက်တွင် ပြုလုပ်ခဲ့တာဖြစ်ပြီး Aegis ရေဒါစနစ်များ တပ်ဆင်ထားသည့် ဖျက်သင်္ဘောများ စုစည်းခဲ့ ကြောင်း တောင်ကိုရီးယားရေတပ်က တရားဝင် ထုတ်ပြန်ပြောကြားခဲ့တာလည်းဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။