သာစည်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှုး တစ်ဦးကို အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၆

       ယနေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊သာစည်မြို့၊အမှတ်(၃) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဇော်ဝင်း၊၅၇နှစ်၊(စစ်မှုထမ်းဟောင်း)သည် သာစည်မြို့၊အမှတ်(၇)ရပ်ကွက်၊မိတ္ထီလာ-တောင်ကြီးကားလမ်းဘေးရှိ သစ္စာမိုး လက်ဘက်ရည်ဆိုင်တွင် တစ်ဦးတည်း လက်ဘက်ရည်ထိုင်သောက်နေစဥ် စိစစ်ဆဲ အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ၄ချက်ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

       ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးဇော်ဝင်းမှာ သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရရှိပါသည်။ လူ သတ်အကြမ်းဖက်သောင်းကျန်းသူ PDF များ သည် နစက အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက် ပြားစေရန် ရည်ရွယ်ပြီး အပြစ်မဲ့ပြည်သူများဖြစ်သော အုပ်ချုပ်ရေးမှူးများကို ဒလန်ဟူသောစွပ်စွဲချက်များဖြင့် ယခုလို သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN