“တရုတ် – ရုရှား နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် အတွက် တရုတ် ရေတပ် စစ်သင်္ဘောများက ဂျပန်ပင်လယ် သို့ ယနေ့ စတင်ထွက်ခွာမှုများပြုလုပ်ခဲ့ကြ”

ဇူလိုင် ၁၆

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့၏ ဂျပန်ပင်လယ်ပြင်တွင် ပူးတွဲလေကြောင်းနှင့် ပင်လယ်ပြင် ရေကြောင်း စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်နိုင်ရန်အတွက် တရုတ် ရေတပ်စစ်သင်္ဘောများသည် ယနေ့ စတင်ထွက်ခွာ သွားကြပြီလည်းဖြစ်ပါတယ်။

တရုတ် – ရုရှား ဗျူဟာမြောက် ရေကြောင်း လုံခြုံရေးကို အလေးထားပြီး နှစ်နိုင်ငံ ရေတပ် နှင့် လေတပ်တို့ ပူးပေါင်းပြီး မဟာဗျူဟာ မြောက် ရေကြောင်းလုံခြုံရေးကို ဂျပန် ပင်လယ်အတွင်း အာရုံစိုက်သည့် စစ်ရေး လေ့ကျင့်ခန်း များပြုလုပ်နိုင်ရန်အတွက် တရုတ်ရေတပ်စစ်သင်္ဘောများသည် ယနေ့ ဇူလိုင် ၁၆ရက် တနင်္ဂနွေနေ့က စတင်ထွက်ခွာ သွားကြပြီလည်းဖြစ်ပါတယ်လို့ တရုတ်ကာ ကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

“Northern/Interaction-2023″လို့ အမည်ပေးထားသည့် အဆိုပါ ရုရှား – တရုတ် နှစ်နိုင်ငံ စစ်ရေးလေ့ ကျင့်မှုများသည် တရုတ်နှင့် ရုရှားအကြား ပိုမိုအားကောင်းသော စစ်ရေးပူး ပေါင်း ဆောင်ရွက်မှုကိုလည်း ကိုယ်စားပြု သွားမှာဖြစ်ပြီး ဝါရှင်တန်(အမေရိကန်)၏ တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အကြား စစ်ရေး နှင့် နိုင်ငံရေး အရ ဆက်သွယ်မှု များ ပြန်လည်စတင်ရန်ကြိုးပမ်းမှုများကို ပေကျင်း(တရုတ်)က အဆက်မပြတ် ငြင်းဆိုခဲ့မှုများ နှင့်အတူ ယခု ရုရှား – တရုတ် နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ သည် လည်း တစ်ချိန်တည်းတွင် ဖြစ်ပေါ်ခဲ့တာ ဖြစ်ကြောင်း အမေရိကန် အခြေစိုက် ရိုက်တာ သတင်းဌာနတွင် ဖော်ပြပြော ဆိုထားပါတယ်။

“မဟာဗျူဟာမြောက် ရေလမ်းကြောင်းများ လုံခြုံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဂျပန်ပင်လယ်တွင် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုများ စတင်မည့်ရက်ကိုတော့ ဘေဂျင်း(တရုတ်) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် မော်စကို(ရုရှား) က ယူကရိန်းအား ကျူးကျော်သိမ်းပိုက်ပြီးနောက် တရုတ်နှင့် ရုရှားတို့အကြား စစ်ရေးပူးပေါင်း ဆောင်ရွက် မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာ ခြင်းဖြစ် တယ် လို့လည်း သတင်းဌာနများက ဖော်ပြ ပြောဆို ထားကြပါတယ်။