မြင်းခြံမြို့နယ်တွင် အများပြည်သူသုံးလမ်းမပေါ်တွင် မိုင်းများထောင်ပြီး စောင့်ဆိုင်းနေသော အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်း၊ လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

ဇူလိုင် ၁၆

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် အများပြည်သူသုံးလမ်းမပေါ်တွင် မိုင်းများထောင်ထားကြောင်း တာဝန်သိဒေသခံပြည်သူ များ၏ သတင်းပေးမှုကြောင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေသွားရောက်ရှင်းလင်းခဲ့ရာ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကြားအရောက်တွင် မိုင်း ၄ လုံးပေါက်ကွဲ၍ ပစ်ခတ်ရှင်းလင်းခဲ့ပါသည်။

       ထိုသို့ ပစ်ခတ်ရှင်းလင်းခဲ့ရာ မိုင်းဆွဲရန်စောင့် ဆိုင်းနေသော အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးကို မုန့်ဗုံးဖြင့်လုပ်ထားသော လက်လုပ်မိုင်း ၉ လုံး၊ ရှော့တိုက်လက်လုပ်စိန်ပြောင်း ၂ လက်၊ ဝါယာကြိုး ၁ ခွေ၊ ဘက်ထရီအိုး ၃ လုံး
တို့နှင့်အတူ အသေဖမ်းဆီး ရမိခဲ့ပြီး စစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ PDF များက မြှပ်နှံထားသောမိုင်းများကို နယ်မြေခံတပ်မတော်မိုင်းရှင်းစစ်သည်များက အန္တရာယ်ကြားက အောင်မြင်စွာ ရှင်းလင်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN