ပုလောမြို့၊အမှတ်(၂ )ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး နေအိမ်သို့ အကြမ်းဖက်သောင်းကျန်းသူ PDF များ ရောက်ရှိလာပြီး ငွေသားကျပ်သိန်း ၆၀၀ ခန့်နှင့်ရွှေများကိုယူ ဆောင်ပြီး နေအိမ်နှင့် နေအိမ်အတွင်းရှိ ကားနှင့် ဆိုင်ကယ်တို့အားမိုင်းခွဲမီးရှို့ဖျက်ဆီးခဲ့

ဇူလိုင် ၁၆

          ‌ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ပုလောမြို့၊အမှတ်(၂ )ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၏ နေအိမ်သို့ အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၂၀ ဦးခန့် ရောက်ရှိလာပြီး နေအိမ်အတွင်းရှိလူမျာကို အပြင်သို့ခေါ်ထုတ်ခဲ့ရာ ဦးသိန်းဝင်း မှာ နေအိမ်အတွင်း ပုန်းအောင်းနေခဲ့ပြီး
၎င်း၏ မိသားစုမှာ အိမ်အပြင်သို့ထွက်ပေးခဲ့ကြကြောင်း၊ ၎င်းနောက် အကြမ်းဖက် PDFများက ငွေသားကျပ်သိန်း ၆၀၀ ခန့်နှင့်ရွှေများကိုယူ ဆောင်ပြီး နေအိမ်နှင့် နေအိမ်အတွင်းရှိ ကားနှင့် ဆိုင်ကယ်တို့အားမိုင်းခွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြ ကြောင်း သိရှိရပါသည်။

      အုပ်ချုပ်ရေးမှုးမှာ နေအိမ်အတွင်း ပုန်းအောင်နေရာမှ နေအိမ်ကို မိုင်းဖောက်ခွဲစဥ် ထွက်ပြေးခဲ့ရာ အသက်ဘေးမှလွှတ်မြောက်ခဲ့ပြီး ဒူးခေါင်းတွင် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သဖြင့် ပုလောဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျှက်ရှိကြောင်းသိရှိရပါသည်။

        အကြမ်းဖက်သောင်းကျန်းသူ PDF များ ဝင်ရောက်လာသည်ကို သတင်းရရှိသဖြင့် ည ၁ နာရီအချိန်တွင် ပုလောမြို့ရှိ နယ်မြေလုံခြုံရေးစစ်ကြောင်းက လာရောက်ရှင်းလင်းရာ အပြန်   အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF များသည် ရေလမ်းကြောင်းမှ ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါသည်။

#PAN