ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ်ရှိ ပျက်စီးသွားသော ယာယီတံတားတွင် ဖြတ်သန်းသွားလာနေသော အပြစ်မဲ့ လက်နက်မဲ့ အရပ်သားပြည်သူများကို အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၆

          ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး – နတ်သံကွင်းလမ်းကို ဇူလိုင်လ ၁၄ ရက်နေ့က စတုတ္ထအကြိမ် ဖောက်ခွဲဖျက်စီးခဲ့သည့်အတွက် ၎င်းတံတားကိုကျောက်ကြီးဆိုင်ကယ်ကယ်ရီအဖွဲ့က ယာယီဖြတ်
သန်းသွားလာ၍ရအောင် အဖွဲ့ကောက်ခံငွေဖြင် သစ်သားတန်းဖြင့် ပြန်လည်ပြုပြင်တည်ဆောက် ခဲ့ပြီး ကုန်စည်များစီးဆင်းမှု့မပြတ်လပ်အောင် စီမံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

      ယမန်နေ့ ညပိုင်းတွင် အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့မှ အဆို ပါယာယီတံတားကို သွားလာအသုံးပြု၍ မရ အောင် တွန်းချဖျက်စီးခဲ့ကြောင်း၊ ထိုသို့ ယာယီတံတားပျက်စီးသွားခြင်းကြောင့် ခရီသွားလာသူနှင့် ကုန်ပစ္စည်းများကို အဆိုပါတံတား ဟိုဘက်နှင့် ဒီဘက်ကို လူနှင့်ထမ်းပို ဖြတ်သန်းနေချိန်၊ တံတားကူးရန် ကုန်ပစ္စည်းများချနေစဥ်အချိန်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က လူသတ်အကြမ်းဖက်
သောင်းကျန်းသူများက သေနတ်များဖြင့် အနီး ကပ် ပစ်ခတ်ခဲ့ပါသည်။

        ထိုသို့ သေနတ်များဖြင့် အနီးကပ် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ရီယာသမားများဖြစ်ကြသော
ကိုပိ့ကွေး၊ ၃၀ နှစ် တွင်  ရင်ဘတ်နှင့် ဦးခေါင်းကျဥ်ဖောက်ဝင်(သေဆုံး)၊ မောင်အော်ကြီး၊၂၅ နှစ်တွင် စိုးရမ်ရဒဏ်ရာရရှိပြီး သေဆုံးသွားကြကြောင်း၊ ကိုကျော်ဦးလွင် (ဘ) ဦးစိုးနိုင်၊ သိန်တန်းရပ်ကွက်နေသူတွင်  ညာလက်ခုံ ကျည်​ဖောက်ထွက် ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကိုကျော်ရဲအောင်၊ သံဘိုရွာနေသူတွင် ဘယ်လက်၊ ညာဘက်ပေါင်နှင့် ချေသလုံးတို့၌ (မစိုးရိမ်ရ)ဒဏ်ရာရရှိပြီး ကျောက်ကြီး ပြည့်သူဆေးရုံပို့ဆောင်၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းရရှိသည်။

      NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း လက်တွေ့တွင် လက်နက်မဲ့ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်ရာရောက်ကြောင်း သိရှိရပါသည်။

#PAN