“ထိုင်းနိုင်ငံအတွင်း ရုရှားကောင်စစ်ဝန်ရုံးကြီးကို တရားဝင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် ပါဝင် တတ်ရောက် ဖွင့်လှစ်ပေးခဲ့”

ဇူလိုင် ၁၆

ရုရှားနိုင်ငံ ကောင်စစ်ဝန်ရုံးကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်း မှာ တရားဝင် ဖွင့်လှစ်လိုက် ပြီလည်း ဖြစ်ပါတယ်။

အဆ်ိုပါ ရုရှားကောင်စစ်ဝန်ရုံး ဖွင့်ပွဲကြီးတွင် ထိုင်းအကအဖွဲ့များက ရုရှားရိုးရာအကဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ သို့ အလည်အပတ်ခရီးစဥ်အဖြစ် ရောက်ရှိနေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြီးခဲ့သည့် ဇူလိုင် ၁၅ရက် စနေနေ့က ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်တတ်ရောက် ခဲ့ပြီး ရုရှားကောင်စစ်ဝန်ရုံးရှိ ဝန်ထမ်း များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ ပါတယ်။

ရုရှားနိုင်ငံတော်အလံကို လွှင့်ထူပြီး နိုင်ငံတော် သီချင်းကို တီးမှုတ်ပေးသည့် ရုရှားသံတမန် ကောင်စစ်ဝန်ရုံး ဖွင့်ပွဲ အခမ်းအနားကြီးသို့ ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ ခရီးသွား လုပ်ငန်းကိုယ်စားလှယ်တော်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။

“ရုရှား နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ အကြား လက်ရှိ ခိုင်မာသော နှစ်နိုင်ငံ ဆက်ဆံရေးသည် ပထဝီနိုင်ငံရေး အခြေအနေများ၏ အတက်အကျများကို မစဉ်းစားဘဲ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ဆက်ဆံရေးများကိုသာ တည်ဆောက်သွားကြမည်ဖြစ်ကြောင်း” ရုရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။