အကြမ်းဖက်  KNU/PDF များက ပြုပြင်နေဆဲ ကျုံအိတ်တံတားကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ဇူလိုင် ၁၅

       ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က သထုံမြိုနယ်နှင့် ဘီးလင်းမြိုနယ် နယ်စပ် မော်လမြိုင်-ရန်ကုန် ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားအား ပြန် လည် ပြုပြင်နေသည့် နေရာသို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်း အဖွဲက ရွှေရောင်ပြကျေးရွာဘက်မှ ၄၀ မမ လောင်ချာဖြင့် ဗုံးသီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အကြမ်းဖက်  KNU/PDF များ၏ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ တံတားအနီးကျရောက်ပေါက်ကွဲခဲ့သော်လည်း လူ၊ပစ္စည်းထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

       ယခုလအတွင်း အကြမ်းဖက်သောင်းကျန်း သူ  KNU/PDF ပူးပေါင်းအဖွဲ့များသည် ကျိုက်ထို နှင့် ဘီးလင်းမြို့နယ်များတွင် အကြမ်းဖက်လှုပ်ရှားမှုများကို ခပ်စိပ်စိပ်ဆောင်ရွက်လာပြီး နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသော ရန်ကုန် – ဘားအံ လမ်းမကြီးကို ဆက်သွယ်မှုပြတ်တောက်အောင် လုပ်ဆောင်လာကြကြောင်း သိရပါသည်။

#PAN