“တောင်ကိုရီးယား သမ္မတ က တရားဝင် ထုတ်ပြန် ကြေညာထားခြင်များမရှိဘဲ ယူကရိန်း နိုင်ငံ သို့ရောက်ရှိလာခဲ့”

ဇူလိုင် ၁၅

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က ​တရားဝင်ကြေညာထားခြင်းများမရှိဘဲ ယနေ့ ဇူလိုင် ၁၅ရက်နေ့တွင် ယူကရိန်းနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး ယူကရိန်း သမ္မတ Zelenskiy နှင့် တွေ့ဆုံမှု များပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သမ္မတ Yoon က လစ်သူယေးနီးယား နိုင်ငံအတွင်း ကျင်းပပြုလုပ်ခဲ့သည့် နေတိုးမဟာမိတ်နိုင်ငံများ၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် ယခုသီတင်းပတ် အတွင်း ပိုလန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယူကရိန်းနှင့် တောင်ကိုရီးယားတို့အကြား စည်းလုံးညီညွတ်မှုရှိကြောင်း ပြသသည့်သဘောအဖြစ် ယူကရိန်းနိုင်ငံ သို့သွားရောက်ခဲ့တာဖြစ်ပြီး ရုရှား၏ ထိုးစစ်ဆင် ကျူးကျော်မှုများ ကို တွန်းလှန်နိုင်ရန် နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အခုလို အံ့အားသင့်စရာ ယူကရိန်းနိုင်ငံခရီးစဉ် ဖြစ်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံနှင့် မဟာမိတ်နိုင်ငံများမှ စစ်လက်နက် တင်ပို့ရောင်းချများ မြင့်တက် လာသော တောင်ကိုရီးယားနိုင်ငံ သည် ယူကရိန်းနိုင်ငံ အား စစ်လက်နက်များ ပစ္စည်းများ ပေးပို့ထောက်ပံ့နိုင်ရန်အတွက် ဖိအားများနှင့် ရင်ဆိုင်နေရပြီး Yoon၏ တောင်ကိုရီးယား အစိုးရ အဖွဲ့သည် ယူကရိန်းနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုများ နှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများကို ပေးပို့ထောက်ပံ့ နေတာလည်း ဖြစ်ပါတယ်။

​ယူကရိန်းထံမှ တောင်ကိုရီးယားနိုင်ငံအား တောင်းဆိုမှုများ အရ ၎င်း၏အစိုးရသည် မိုင်းတူးဖော်ရေး ကိရိယာများနှင့် လူနာတင်ယာဉ် များ ပေးပို့ထောက်ပံ့နိုင်ရန် ပြင်ဆင်နေပြီး ယူကရိန်းအတွက် နေတိုးမဟာ မိတ်အဖွဲ့ဝင်များ ၏ ယုံကြည်စိတ်ချရသော ရန်ပုံငွေများတွင် ပါဝင်သွားမည်ဖြစ်ကြောင်းလည်း တောင်ကိုရီးယား သမ္မတ Yoon နှင့် ၎င်း၏ အစိုးရအဖွဲ့က ယခုသီတင်းပတ်တွင် ပြောကြားထားတာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။