တာချီလိတ်မြို့၊ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်မှ ရာအိမ်မှူး တစ်ဦး စိစစ်ဆဲ အမျိုးသားတစ်ဦးကသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

ဇူလိုင် ၁၅

       မြန်မာ – ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊
ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ ဦးစိုင်းလျှံ(ခ)စိုင်းရှဲန်ကုလားသည် ယအန်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် ရုံးဆင်းချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၌ စိစစ်ဆဲ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် စောင့်ဆိုင်း၍ သေနတ်ဖြင့် ၆ ချက်ပစ်ခတ်၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရပါသည်။

     ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးစိုင်းလျှံ(ခ)စိုင်းရှဲန်ကုလားတွင် ဦးခေါင်း၊ တင်ပါးဆုံ၊ ခါး နှင့် လက်တို့တွင် ကျည် ၆ ချက် ထိမှန်ကာ နေရာတွင် လဲကျသေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

       အလားတူ သေနတ်ဖြင့် ပစ်ခတ်မှုမျိုး တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်လည်း ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ပြည်သူ့စစ် ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးကျိုင်းလာ ဆိုသူလည်း သေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးကြောင်း၊ တာချီလိတ်မြို့တွင် ငွေကြေးနှင့် ဒုစရိုက်လုပ်ငန်းများကြောင့် ထိုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်သည့် လူသတ်မှုနှင် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လေ့ရှိပြီး များသောအားဖြင့် တရားခံကိုသက်ဆိုင်ရာများက ဖမ်းဆီးရမိလေ့မရှိကြောင်းသိရှိရပါသည်။

#PAN