ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၈/၀-၁)ဖာလုံကြားတွင် AD Van အမျိုးစား မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထန်းပင်အားဝင်တိုက်မိ

ဇူလိုင် ၁၅

       ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၈/၀-၁)ဖာလုံကြားတွင်၊ယာဉ်မ‌တော်တဆမှုဖြစ်ပွားကြောင်း သတင်းရ၍၊ ဖြူးအမြန်လမ်းမီးသတ်စခန်းမှ  တပ်ဖွဲ့ဝင်များ၊ ဖြူးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

        ဖြစ်စဉ်မှာ၊ ရန်ကုန်ဘက် မှ နေပြည်တော်ဘက်သို့၊‌မောင်းနှင်လာသော၊AD Van အမျိုးစား(ဖြူရောင်)ယာဉ်သည်၊‌အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း‌‌ပေါ်‌ ‌ရောက်ရှိ၍၊ယာဥ်၏ဝဲဘက်ခြမ်းဖြင့်ထန်းပင်အားဝင်ရောက်တိုက်မိကာ‌
ရပ်တန်သွားခဲ့ကြောင်း၊ ယာဥ်တိုက်မှုကြောင့်၊ယာဥ်‌ပေါ်တွင်၊ယာဥ်‌မောင်းအပါအဝင် ကျား ၁ ဦး၊မ ၁ ဦး၊စုစုပေါင်း ၂ ဦး လိုက်ပါလာကြပြီး ၂ ဦး စလုံး အသီးသီးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ၎င်းလူနာများကို (၁၁၅)ကြက်ခြေနီအသင်းပိုင်လူနာတင်ယာဥ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN