ကျောက်ဆည်မြို့နယ်တွင် ကျေးရွာမီးလင်းရေး ကော်မတီဝင်၊ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးကို လူသတ်အကြမ်းဖက် PDF ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၅

        ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ပတ္တာကျေးရွာအနီး၊ကျောက်ဆည်စက်မှုဇုံသွားကားလမ်းပေါ်၌  ဦးမျိုးအောင်၊၄၇နှစ်၊(ဘ)ဦးချမ်းဌေး၊ကျေးရွာမီးလင်းရေး ကော်မတီဝင်၊ရဲဘော်ကျေးရွာ၊ကျောက်ဆည်မြို့နယ်နေသူ သည် ကျေးရွာမှ မီတာကြေးကောက်ခံရငွေများအား ကျောက်ဆည်မြို့နယ်၊လျှပ်စစ်ရုံးသို့ သွားသွင်းပြီးအပြန်တွင် နောက်မှ ဆိုင်ကယ်ဖြင့် လူသတ်အကြမ်းဖက် PDF ၂ ဦးက လိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

        ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးမျိုးအောင် တွင် ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ လက် မောင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ လည်ပင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင် သေဆုံးခဲ့ပါသည်။ အခင်းဖြစ်နေရာအနီးမှ LUGER ကျည်ခွံ ၂ခု တွေ့ရှိရကြောင်း သတင်းရရှိပါသည်။

       သေဆုံးသူ ဦးမျိုးအောင် သည် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးဖြစ်ပြီး PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်လျှက်ရှိကြောင်း သိရသည်။

#PAN