ဆောမြို့နယ်အတွင်း လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့များ အခြေပြုနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှု့ကြောင့် နယ်မြေခံလုံခြုံရေးအဖွဲ့က သွား ရောက် ရှင်းလင်း၊နှစ်ဖက် ထိတွေ့ပစ်ခတ်မှု ဖြစ် ပွား

ဇူလိုင် ၁၅

      ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ရင်ကဲကျေးရွာအနီး လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့များ အခြေပြုနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေခံလုံခြုံရေး အဖွဲ့များက သွား ရောက် ရှင်းလင်းခဲ့ရာ နှစ်ဖက် ထိတွေ့ပစ်ခတ်မှု ဖြစ် ပွားခဲ့ကြောင်း သိပါသည်။

      ထိုသို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ လူ သတ်အကြမ်းဖက်သောင်းကျန်းသူ PDF ၅ ယောက်ကို အမ်- ၂၂ သေနတ် ၂ လက်၊ စနိုက်ဘာ သေနတ် ၁ လက်၊ RPG သေနတ် ၁ လက်၊ အမ်အေသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ RPG ဒုံးသီး ၁ လုံး၊ အမ် ၂၂ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN