တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စု၊ချောင်း နှစ်ပေါက်ကျေးရွာ တံတားအနီးတွင် တပ်မတော်စစ်ကြောင်းကို အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ချုံခိုတိုက်ခိုက်

ဇူလိုင် ၁၅

       တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ကျေး ရွာ တံတားအနီးတွင် ယနေ့ နံက် ၈ နာရီအချိန်ခန့်က မောတောင်မြို့သို့ တက်သွားသော တပ်မတော်စစ်ကြောင်းကို အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ တပ်မ တော်စစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ပြန် လည်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားစဥ် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့သည် အထိနာစွာ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ တပ်မတော်စစ်ကြောင်းမှ ၎င်းအကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့နောက် လိုက်လံရှင်းလင်းနေကြောင်း သိရပါသည်။

       အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် နေရာဖြစ်သည့် ချောင်းနှစ်ပေါက်တံတားနေရာသည် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့များ မောတောင်ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ဂိတ်ဖွင့် ဆက်ကြေးကောက်နေသော နေရာဖြစ်ကြောင်း၊ ၎င်းနေရာအပြင် အဆိုပါလမ်းမကြီးပေါ်တွင်  မောတောင်ငယ်အတက်တွင် တစ်နေရာ၊ မောတောင်ငယ်ထိပ်တွင် တစ်နေရာ ဂိတ်ဖွင့်လှစ်ပြီး ဆက် ကြေးကောက်ခံလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN