“အမေရိကန်နိုင်ငံက ထိုင်ဝမ်နိုင်ငံကို ရောင်းချထားသည့် လေကြောင်းရန်ကာကွယ် ရေး ဒုံးကျဥ်များအား ပြန်လည် ဝယ်ယူပြီး ယူကရိန်းသို့ စစ်လက်နက် များထောက်ပံ့ပေးပို့နိုင်ရန် ပြင်ဆင်နေ”

ဇူလိုင် ၁၅

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများထောက်ပံ့ပို့ဆောင်နိုင်ရန်အတွက် ထိုင်ဝမ်နိုင်ငံကိုရောင်းချထားသော MIM-23 Hawk အမျိုးအစား ဒုံးကျည်များ ကို ရာနှင့်ချီ ပြန်လည် ဝယ်ယူသွား မည်ဖြစ် ကြောင်း ထိုင်ဝမ် နိုင်ငံ အတွင်းရှိ မီဒီယာအချို့မှ ဖော်ပြ ပြောဆို နေကြပြီး အဆိုပါ စစ်လက်နက် ဝယ်ယူရေးနှင့် ပတ်သက်သည့် သဘောတူညီချက်ကို ၂၀၂၂ ခုနှစ်တွင် ပြန်လည်ရရှိခဲ့တာဖြစ်ကြောင်းလည်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နိုင်ငံ အတွင်းရှိ Phase III MIM-23 Hawk အမျိုးအစား တာလတ်ပစ် လေယာဉ်ပစ်ဒုံးကျည်စနစ် (SAM) များကို ယူကရိန်းနိုင်ငံသို့ ပို့ဆောင်နိုင်ရန်အတွက် ရာနှင့်ချီသော ဒုံးကျည်များကို ပြန်လည် ဝယ်ယူသွားရန် ရည်ရွယ်ထားကြကြောင်း ထိုင်ဝမ် သတင်းဌာနအချို့က ထိုင်ဝမ်အစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ ပြီးခဲ့သည့် ဇူလိုင် ၁၄ရက် သောကြာနေ့က ဖော်ပြပြောဆိုထား တာလည်းဖြစ်ပါတယ်။

အဆိုပါ Phase III MIM-23 Hawk SAMs [မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ] ကို ရုရှားနိုင်ငံ၏ ဒရုန်းများနှင့် အမြင့်ပေနိမ့်ပျံသန်းသော လေယာဉ်များကို တိုက်ခိုက်နိုင် ရန်အတွက် ယူကရိန်းစစ်တပ်ထံ သို့ အမေရိကန်က လွှဲပြောင်းပေးသွားမှာ လည်းဖြစ်ပါတယ်။

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကတော့ အမေရိကန်နိုင်ငံ က ထိုင်ဝမ် လေကြောင်း ရန်ကာကွယ်ရေးဒုံးကျဥ် စစ်လက်နက်များကို ပြန်လည်ဝယ်ယူမည့် အစီအစဥ်ကို ထိုင်ဝမ် သတင်း ဌာနများမှ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ငြင်းဆိုခဲ့ပြီး ထိုင်ဝမ်နိုင်ငံ စစ်တပ် သည် Phase III MIM – 23 Hawk အမျိုးအစား လေးကြောင်းရန် ကာကွယ်ရေး စနစ်များကိုဖျက်သိမ်းပြီး Sky Bow III (TK-3) အမျိုးအစား လေကြောင်း ရန် ကာကွယ်ရေး ဒုံးကျဥ် စနစ်အသစ်များဖြင့် အစားထိုး သွားမှာ ဖြစ်တယ်လို့လည်း သတင်းဌာနများ ကဖော်ပြပြောဆို ထားကြပါတယ်။