“လာမည့် သီတင်းအပတ်အတွင်း အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Tebboune က တရုတ်နိုင်ငံ သို့ နိုင်ငံတော်အဆင့် ခရီးစဥ်အဖြစ် လာရောက်လည်ပတ်မှုများပြုလုပ်သွားမည်”

ဇူလိုင် ၁၄

အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ Abdelmadjid Tebboune က တရုတ်သမ္မတ Xi Jinping ၏ ဖိတ်ကြားချက်များ အရ လာမည့်သီတင်း ပတ်တွင် တရုတ်နိုင်ငံသို့ ၅ရက်ကြာ နိုင်ငံတော်ခရီးစဥ်အဖြစ် သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ပြီးခဲ့သည့် ဇူလိုင် ၁၃ရက်နေ့က ထုတ်ပြန်ကြေညာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့အကြား ၅နှစ်ကြာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အသစ်များ ကို လက်မှတ်ရေး ထိုးခဲ့ကြပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးများကို မြှင့်တင်နိုင်ရန်အတွက် အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ က တရုတ်နိုင်ငံသို့ လာရောက်ခြင်း ဖြစ်တယ်လို့ သတင်းဌာနများကဖော်​ပြပြော ဆိုထား ကြပါတယ်။