နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်း၊ ပေါက်မြောင်းတံတားကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က စတုတ္ထအကြိမ်မြောက် ဖောက်ခွဲဖျက်ဆီး၊ တံတားမှာ လုံးဝပျက်စီးသွား

ဇူလိုင် ၁၄

        ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်
ကျောက်ကြီးမြို့နယ်၊နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်း၊ ပေါက်မြောင်းတံတားကို ယမန်နေ့ည ၇ နာရီ ၁၀ မီးနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က
ထပ်မံဖောက်ခွဲဖျက်စီသွားသဖြင့် တံတားလုံးဝ ပြိုကျပျက်စီသွားကြောင်း သိရပါသည်။

      ထိုသို့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဒေသအတွင်း အများပြည်သူများ ခရီးသွားလာမှု၊ ကုန် စည်စီးဆင်းမှု့များ ရပ်တန့်သွားခဲ့ပြီး အခက်ခဲများဖြစ်ပေါ်လျှက်ရှိကြောင်းသိရပါသည်။

       အဆိုပါ တံတားကို ပထမအကြိမ်း ဖျက်စီခဲ့
သည့် မေလ အတွင်း လမ်းတံတားဦးစီဌာန နှင့်
ရပ်ကွက်ကျေးရွာများမှ လုပ်အားပေး၍ ​ယာယီ ဖြတ်သန်းသွားရအောင် ပြုပြင်ဆောင်ရွက်ခဲ့ကြရစဥ် အကြမ်းဖက်များက အဆိုပါလမ်းပိုင်းအား ပြည်သူများမသွားရဲအောင် Drop Bomp များဖြင့် လာရောက်ပစ်ချသဖြင့်  ပြည်သူ အယောက် ၂၀ ကျော်ခန့် သေးဆုံးခဲ့ဘူးကြောင်း သိရှိရသည်။

    အဆိုပါ ပေါက်မြောင်းတံတားကို မေလအတွင်း တစ်ကြိမ်၊ ဇွန်လအတွင်း တစ်ကြိမ်၊ ယခု ဇူလိုင်လ ၁ ရက်နေ့တွင် တတိယအကြိမ်မြောက် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ယခု စတုတ္ထအကြိမ်မြောက် ဖောပ်ခွဲခဲ့ရာ တံတားမှာ လုံးဝ ပျက်စီးသွားကြောင်း သတင်းရရှိပါသည်။

#PAN