“ဆော်ဒီအာရေဗျနိုင်ငံက ရုရှားနိုင်ငံမှ ဇွန်လအတွင်း လောင်စာဆီ မက်ထရစ်တန်ချိန်ပေါင်း ၉၁၀၀၀၀ထိ တွင်သွင်းခဲ့ပြီး ၎င်းတို့နိုင်ငံ၏ လောင်စာဆီ တင်သွင်းမှုအများဆုံးစံချိန်သစ် အဖြစ် ရောက်ရှိခဲ့”

ဇူလိုင် ၁၄

ဆော်ဒီအာရေဗျနိုင်ငံ သည် ပြီးခဲ့သည့် ဇွန်လအတွင်း ရုရှားနိုင်ငံမှ လောင်စာဆီ မက်ထရစ်တန်ချိန်ပေါင်း ၉၁၀,၀၀၀ ထိ တင်သွင်းခဲ့ပြီး စံချိန်သစ်တစ်ခု အဖြစ် တင်ခဲ့ကြောင်း ခွဲခြမ်းစိတ်ဖြာ လေ့လာ စောင့်ကြည့် ရေးကုမ္ပဏီ Kpler က ဇူလိုင် ၁၃ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ တာဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံသည် ရုရှားနိုင်ငံမှ လောင်စာဆီ တင်သွင်းမှုများသည် ဇွန်လတွင် မက်ထရစ်တန် ချိန်ပေါင်း ၂.၈၆ သန်းအထိ ရှိခဲ့ပြီး ယမန်နှစ်၏ တစ်နှစ်တာလုံးအတွက် မက်ထရစ်တန်ချိန် ၁.၆၃ သန်းကို ကျော်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ သည် ရုရှားနိုင်ငံ ထုတ်ကုန်ပစ္စည်း များအပေါ် အီးယူနိုင်ငံများ မှ တားမြစ်လိုက်ပြီးနောက် ၎င်းတို့နိုင်ငံအတွင်းသို့ ရုရှားသွင်းကုန်များ သိသိသာသာ တိုးတတ်လာခဲ့ တာလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံ သည် ကမ္ဘာ့ရေနံတင်ပို့ သည့်နိုင်ငံများအဖွဲ့ (OPEC+) ၏ မဟာမိတ်နိုင်ငံလည်းဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ ကလည်း OPEC ခေါင်းဆောင် နှင့် ရုရှားတို့ကြား သဘောတူညီချက်များ အရ ဖြတ်တောက်ထားသော ထုတ်လုပ်မှုများဖြစ်သည့် တစ်နေ့လျှင် ရေနံ စည်ပေါင်း ၁ သန်းထုတ်လုပ်မှုများကို သက်တမ်းတိုးဖြတ်တောက်သွားမည်ဖြစ်ကြောင်း ကြေညာထားပြီးလည်းဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံသည် ရုရှားနိုင်ငံ မှ စက်သုံးဆီတင်ပို့မှုများသည် ယခု ဇူလိုင်လ အတွင်း မက်ထရစ်တန်ချိန်ပေါင်း ၇၅၀,၀၀၀ မှ မက်ထရစ်တန် ချိန်ပေါင်း ၁ ဒသမ ၂ သန်း အထိ မြှင့်တင် ဝယ်ယူသွား ရန်လည်း မျှော်မှန်းထား ကြောင်း သတင်းဌာန များက ဖော်ပြပြောဆိုထား ကြပါတယ်။