အမရပူရမြို့နယ်၊ စာတိုးမြို့ပြင်ကြီးကျေးရွာ အုပ်စု၊ စက်ကွေ့ရပ်ရှိ မောင်ဒိန်းရွှေဆိုင် ကို အမည်မသိ လူငယ် ၄ ဦးက ဓားပြတိုက်၊ကာလတန်ဘိုးကျပ် ၁၄၆၄ သိန်းဘိုးခန့် ယူဆောင်သွား

ဇူလိုင် ၁၃

      ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စာတိုးမြို့ပြင်ကြီးကျေးရွာအုပ်စု၊ စက်ကွေ့ရပ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းဘေးရှိ ဦးသဲမောင်၊၃၂နှစ်၊(ဘ)ဦးဒိန်း၊အမရဌာနီအရှေ့ရပ်ကွက်၊အောင်မြေသာစံမြို့နယ်နေသူ ပိုင်ဆိုင်သော ”မောင်ဒိန်းရွှေဆိုင်” ဖွင့်လှစ်ရောင်းချနေစဥ် အမည်မသိ လူငယ် ၄ ဦးခန့်သည် သေနတ် အတို ၃လက်၊အရှည် ၁လက်တို့အား ကိုင်ဆောင်လျက် ရိန်းဂျားအမျိုးအစား အဖြူရောင်မော်တော်ယာဥ်(နံပါတ်တိပ်ဖြင့်အုပ်ထား)ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်လာကာ သေနတ် ၁ချက်ဖောက်ပြီး ဓားပြတိုက်ခဲ့ကြောင်း သိရပါသည်။

    အဆိုပါ ဓားပြများသည် ဆိုင်အတွင်းမှ ရွှေဆွဲကြိုး ၄၁ကုံး အလေးချိန် ၂၀ ကျပ်သား၊ကာလတန်ဘိုး ကျပ် ၅၈၀သိန်း၊ ရွှေနားကပ် ၁၃၇ရံ၊အလေးချိန် ၂၄ ကျပ်သား ကာလတန်ဘိုး ကျပ် ၇၀၈ သိန်း၊ ဟန်းချိန် ၂၁ ခု အလေးချိန် ၇ ကျပ်သားကာလတန်ဘိုး ကျပ် ၁၄၇ သိန်း၊ကလစ် ၄ခုအလေးချိန် ၁ ကျပ်သား ကာလတန်ဘိုး ကျပ် ၂၉ သိန်း၊ စုစုပေါင်း ကာလတန်ဘိုးကျပ် ၁၄၆၄ သိန်းဘိုးအားယူဆောင်ကာ စာတိုးမြို့ပြင်ကြီးကျေးရွာအတွင်းသို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

#PAN