ကိုယ်လက်အင်္ဂါမပြည့်စုံသည့် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ဝင် တစ်ဦးနှင့် မော် တော်ယာဥ်ဖြင့် လိုက်ပါပို့ဆောင်သော ဆရာတော်တစ်ပါးတို့ကို့ လုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်း

ဇူလိုင် ၁၃

      ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အိမ်တွင်းမှုလမ်းဆုံတွင် လုံခြုံရေးပူပေါင်းအဖွဲ့မှ လူ/မော်တော်ယဉ်များအား စစ်ဆေးရာတွင် Mark II ယာဉ်ပေါ်၌ လိုက်ပါလာသည့်
မျိုးချစ်အောင်(ခ)ဖိုးညို၊၂၉ နှစ်၊ (ဘ)ဦးပြည့်ရှောင်၊ပေါက်မြို့နယ်၊ ဝန်လက်ရိုးအထက်ရွာနေသူမှာ မျက်နှာနှင့် ညာဘက်မျက်လုံးတွင် ဒဏ်ရာ၊ ဘယ်ဘက် လက်ကောက် ဝတ်ပြက်ထွက်နေ
သည့် ဒဏ်ရာနှင့် ညာဘက်ခြေတံကောက်ကွေးအောက်တွင် ဒဏ်ရာရရှိနေသည့် အမျိုးသားအား မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်းမှာ အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ဝင် တစ်ဦးဖြစ် ကြောင်း စစ်ဆေးချက်အရ သိရှိရသည်။

      အဆိုပါ ကိုယ်လက်အင်္ဂါမပြည့်စုံတော့သော အကြမ်းဖက်သောင်းကျန်းသူ PDF ကို ပေါက်ရေကျော်ဆရာတော် ကောဏ္ဍည က ဆေးကုသရန်အတွက် ၎င်း၏ကားဖြင့် ပို့ ဆောင်ပေးရာမှ ဆိပ်ဖြူလုံခြုံရေးအဖွဲ့မှဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပေါက်ရေကျော်ဆရာတော်သည် အကြမ်းဖက်သောင်းကျန်းသူ PDF အားပေးဆရာတော်ဖြစ်ကြောင်း၊သူ့ကျောင်းဝန်းအတွင်းလက်နက်များပြုလုပ်ကြောင်း၊ မြို့နယ်သံဃာ့နာယကထံတွင်းလည်း ခံဝန်လက်မှတ်ထိုးကြောင်း၊ ယခုထိဆရာတော်သည် အကြမ်းဖက်သောင်းကျန်းသူများနှင့်ဆက်သွယ်ပြီးအဖျက်အမှောက်လုပ်ငန်းများကို ဆက်လက်ကူညီပေးနေကြောင်း ပေါက်မြို့နယ်မှ ဌာနေပြည်သူ့စစ်တစ်ဦးထံမှ သိရှိရပါသည်။

      အဆိုပါ ဖမ်းဆီးရမိသော အကြမ်းဖက်သောင်းကျန်းသူ PDF မျိုးချစ်အောင်(ခ)ဖိုးညိုနှင့် အတူလိုက်ပါပို့ဆောင်သောပေါက်ရေကျော်ဆရာတော် ကောဏ္ဍည ကိုပါထိမ်းသိန်းထားပြီး တရားဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN