မြိုင်မြို့၊ မြို့မဈေးအတွင်း လူသတ်အကြမ်းဖက် PDF များက Drop Bomb နှစ်လုံး ပစ်ချခဲ့ရာ ဈေးဆိုင်ခန်း ၃ ခန်း မီးလောင်ကျွမ်းခဲ့

ဇူလိုင် ၁၃

      ယမန်နေ့ ညနေ ၄ နာရီခန့်တွင် မြိုင်မြို့၊ မြို့မဈေးအတွင်း လူသတ်အကြမ်းဖက် PDF များက Drop Bomb နှစ်လုံး ပစ်ချခဲ့ရာ ဈေးဆိုင်ခန်း ၃ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါသည်။

      ”ဈေးဆိုင်ခန်း ၃ ခန်းသာ မီးလောင်းတာပါ၊ ဖျာ ၊သင်ဖြူးတွေရောင်းတဲ့ဆိုင် တစ်ဆိုင်၊ စား သောက်ကုန်ဆိုင် တစ်ဆိုင်နဲ့ အလှကုန်ဆိုင် တစ်ဆိုင်တို့မှာ မျက်နှာကျက်အနည်းငယ်ပျက်စီးပြီး
ဆိုင်များအတွင်းရှိ ပစ္စည်းများ အနည်းငယ်ခန့်သာ မီးလောင်ကျွမ်းခြင်း ဖြစ်ပါတယ်၊ မီးသတ်ကားအချိန်မှီ ရောက်လာလို့ အပျက်အစီးနည်းသွားခြင်းဖြစ်ပါတယ်” ဟု မြို့ခံတစ်ဦးက PAN သို့ ပြောကြားလာပါတယ်။

     ထိုသို့ လူသတ်အကြမ်းဖက် PDF များ၏ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်နေမှုများကို ပြည်သူများက အလွန်စိုးရိမ်ကြောက်လန့်နေကြကြောင်းကို ” သူတို့က Drone နဲ့ အမြင့်ကြီးက ဗုံးချတာ မတိကျနိုင်ဘူး၊ သူတို့ ကျစေချင်တာက တစ်နေရာ၊ ကျသွားတာက တစ်နေရာ ဖြစ်နေတော့၊ အလကားနေရင်း ပြည်သူတွေသေနေကြရတာလေ” ဟု အဆိုပါ မြို့ခံပြည်သူတစ်ဦးက ပြောပြလာပါသည်။

    အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဘိုး ကျပ် ၂၅ သိန်းခန့်ပျက်စီးဆုံးရှုံးသွာကြောင်း သတင်းရရှိပါသည်။

#PAN